Home>>သတင်းအတုစစ်ဆေးခြင်း>>တိုင်းရင်းသား>>ရခိုင့်တပ်မတော်နဲ့ပတ်သက်တဲ့သတင်းတု
တိုင်းရင်းသားနိုင်ငံရေးလူမျိုးရေး

ရခိုင့်တပ်မတော်နဲ့ပတ်သက်တဲ့သတင်းတု

သူငယ်ချင်းတို့ရေ………..

အခုတခေါက် ပြောပြချင်တဲ့ အကြောင်းကတော့ အမှုမှန် မပေါ်သေးတဲ့ သတင်းကို အသုံးချပြီး ဝါဒဖြန့်မှုတွေလုပ်နေတဲ့အကြောင်းပါ။

သူငယ်ချင်းတို့အနေနဲ့ ရခိုင်တပ်မတော် ထိပ်တန်း သတင်းများ ဆိုတဲ့ Page ကို မှတ်မိအုံးမယ် ထင်ပါတယ်။ ဒီပေချ့်အပါအဝင် Page တချို့ဟာ တိုင်းရင်းသားလက်နက်ကိုင်တွေကို ပုံဖျက်ပြီးတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အနှောင့်အယှက်ပေးဖို့ ရည်ရွယ်ပြီး လူတချို့က ဖွင့်ထားတာပါ။ ဒီလို ဝါဒဖြန့်နေတဲ့ ရခိုင်တပ်မတော် ထိပ်တန်း သတင်းများ ဆိုတဲ့ Page အကြောင်းကို တွေးပြီးမှယုံက ဖေါ်ထုတ်ထားတာ သိပ်တောင်မကြာသေးဘူးနော်။

အခုလည်း ဒီ Page ကနေပြီးတော့ မြောက်ဦးအုပ်ချုပ်ရေးမှူ းကို ရက္ခိုင့်တပ်မတော်က သေဒဏ်ပေးပြီ ဆိုတဲ့ သတင်းခေါင်းစဉ်နဲ့ စာဖတ်သူတွေကို သတင်းအမှားတွေ အချိန်ကိုက်ဖြန့်နေပါပြီ။ လူတော်တော်များများက ဒီ Page က ဖြန့်နေတဲ့ သတင်းအမှားတွေ၊ သတင်း အတုတွေကို စိစစ်ခြင်းမလုပ်ဘဲနဲ့ ဆဲဆိုငြင်းခုန်နေကြတာဟာ အတော်ပဲ စိတ်မကောင်းစရာ ဖြစ်ပါတယ်။ ဒီကိစ္စကို ရက္ခိုင့်တပ်မတော် AA အနေနဲ့လဲ ပြန်ပြီးငြင်းဆိုထားတာကို RFA သတင်းဌာနမှာ ဝင်ပြီးတော့ ဖတ်ကြည့်လို့ရပါတယ်။

သတင်းအမှားတွေကို ရန်တိုက်တဲ့ အနေနဲ့ ဖြန့်နေတာမှန်း သိသာနေတဲ့ ဒီ Page နဲ့ သတင်းအကြာင်းကို တွေးပြီးမှယုံရဲ့ သူငယ်ချင်းတွေအတွက် ဖော်ပြလိုက်ပါတယ်။ တခြားသူတွေကိုလဲ သတင်းအမှားကို အမှားမှန်းသိအောင် ရန်တိုက်ပေးနေတာမှန်း သတိထားနိုင်အောင်လို့ Share တချက်နှိပ်ပြီး ကူညီပေးကြပါဦး…

ရခိုင်ပြည်နယ် မြောက်ဦး အုပ်ချုပ်ရေးမှူး တစ်ဦးဖြစ်တဲ့ ဦးဘိုဘိုမင်းသိုက် အသတ်ခံရတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး သတင်းမှန်တွေကို ဒီအောက်က လင့်ခ်တွေမှာ ဝင်ဖတ်လို့ ရပါပြီ။

RFA သတင်းလင့်ခ်

narinjara သတင်းလင့်ခ်

%d bloggers like this: