Home>>သတင်းအတုစစ်ဆေးခြင်း>>တိုင်းရင်းသား>>ရက္ခိုင့် တပ်မတော် ULA/AA နဲ့ပတ်သက်တဲ့သတင်းတု
တိုင်းရင်းသားနိုင်ငံရေးလူမျိုးရေး

ရက္ခိုင့် တပ်မတော် ULA/AA နဲ့ပတ်သက်တဲ့သတင်းတု

သူငယ်ချင်းတို့အနေနဲ့ ရကိ္ခုင်တပ်မတော်ထိပ်တန်းသတင်းများဆိုတဲ့ Page ကို မှတ်မိအုံးမယ် ထင်ပါတယ်။ ဒီပေ့ချ်အပါအဝင် Page တချို့ဟာ တိုင်းရင်းသားလက်နက်ကိုင်တွေကို ပုံဖျက်ပြီးတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အနှောင့်အယှက်ပေးဖို့ ရည်ရွယ်ပြီး လူတချို့က ဖွင့်ထားတာပါ။ အခုလည်း ဒီပေ့ချ်ကနေပြီး စစ်တွေ ဗုံးပေါက်ကွဲမှုဖြစ်စဉ်မှာ သံသယကြောင့်
4 March

ဖမ်းဆီးခံရသူတစ်ဦးကို အသုံးချပြီး ရကိ္ခုင်တပ်မတော် AA ကို ပုံဖျက်နေတာ တွေ့ရပါတယ်။

တကယ်တော့ ဖမ်းဆီးခံရသူဟာ UNFC အဖွဲ့ဝင် ရခိုင်အမျိုးသားကောင်စီ ANC/AA က ဖြစ်ပြီးတော့ ရကိ္ခုင်တပ်မတော် ULA/AA က မဟုတ်ပါဘူး။ ANC ကလည်း သူတို့လူဟာ အကြမ်းဖက်ဖောက်ခွဲသူ မဟုတ်ကြောင်း တရားဝင် စာထုတ်ထားပါတယ်။တခုခု ပြဿ နာဖြစ်လာချိန်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ သာမန်ပြည်သူတွေကြား အက်ကြားပေါ်အောင် ထိုးနှက်တိုက်ခိုက်တတ်တဲ့ အယောင်ဆောင်ပေ့ချ်အကြောင်းကို ဖော်ထုတ်တင်ပြလိုက်ပါတယ်။

%d bloggers like this: