Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>ကိုမြအေးနဲ့ပတ်သက်တဲ့သတင်းတု
နိုင်ငံရေး

ကိုမြအေးနဲ့ပတ်သက်တဲ့သတင်းတု

သူငယ်ချင်းတို့ရေ

၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) မှ ကိုမြအေး ပြောကြားခဲ့တဲ့ မတ်လ ၄ ရက်နေ့က လူမှုမဟာမိတ်အဖွဲ့ (Social Alliance) ကလုပ်ခဲ့တဲ့ပွဲတခုမှာ ကိုမြအေး ပြောကြားခဲ့တဲ့ “အစ္စလာမ်ဘာသာဝင်များအားလုံး နိုင်ငံသားအခွင့်အရေး အပြည့်အဝရလိုကြောင်း” နဲ့ပတ်သက်ပြီး ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လည်းလူ့အဖွဲ့အစည်း) ကနေပြီး ကန့်ကွက်ထားတယ်ဆိုတဲ့ ထုတ်ပြန်ကြေညာချက်အတုတခု ပြန့်နေတာ တွေ့ရပါတယ်။
ပုံကိုကြည့်မယ်ဆိုရင် ထုတ်ပြန်ချက်တစ်စောင်လို သေချာလုပ်ထားပြီး ဖြန့်နေတာပါ။ဒါပေမယ့် #တွေးပြီးမှယုံက တိုက်ဆိုင်စစ်ဆေးတဲ့အခါမှာ

၁)  ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) ရဲ့ တရားဝင် Facebook စာမျက်နှာ နဲ့ ၈၈ ခေါင်းဆောင်တွေရဲ့ကိုယ်ပိုင် Facebook စာမျက်နှာတွေမှာလည်း တင်ပြထားမှုမရှိပါဘူး။
၂) ၈၈ မျိုးဆက် အဖွဲ့ရဲ့ ရုံးခန်းလိပ်စာအဟောင်းကို အသုံးပြုထားတာ တွေ့ရပါတယ်။
၃) #တွေးပြီးမှယုံ ရဲ့ ဆက်သွယ်မေးမြန်းမှုအရလည်း ဒီကြေညာချက်ဟာ အတုဆိုတာ သိရပါတယ်။

ဒါဟာ ကိုမြအေးနဲ့ ၈၈ မျိုးဆက် (ငြိမ်း/ပွင့်) တို့ကို အချိန်ကိုက် နိုင်ငံရေးတိုက်ခိုက်မှု သက်သက်ပဲဖြစ်ပါတယ်။ ဒါကြောင့် ဒီကြေညာချက်အတုကို သူငယ်ချင်းတို့အနေနဲ့လည်း ကူးပြီးပြန်လည်မျှဝေတာမျိုး၊ မက်ဆေ့ဘောက်ကနေ ပို့တာမျိုးတွေကို မလုပ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ သူငယ်ချင်းတို့အနေနဲ့လည်း သတင်းမှန်ကို များများပြန့်အောင် ပြန်လည်မျှဝေပေးပါအုံး

၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွ့ဲအစည်း) ရဲ့ တရားဝင် Facebook ပေ့ချ်လင့်ခ်ကိုလည်း ဖော်ပြပေးလိုက်ပါတယ်နော်။

%d bloggers like this: