Home>>ပညာပေး>>သတင်းအမှားကို အမှန်လို့ထင်အောင်လုပ်တဲ့နည်း
ပညာပေး

သတင်းအမှားကို အမှန်လို့ထင်အောင်လုပ်တဲ့နည်း

သူငယ်ချင်းတို့ရေ သတင်းအတုတွေဟာ တခါတခါကျရင် သတင်းမှန်တွေထက်ကို ပိုပြီး ပြန့်နှံ့မှုများတာကို သတိထားမိမှာပါ။ “If you tell a lie big enough and keep repeating it, people will eventually come to believe it.” ဆိုတဲ့ နာဇီခေတ် ဂျာမဏီဝါဒဖြန့်ချီရေးဝန်ကြီး ဂိုဘဲလ် ပြောခဲ့တဲ့ အလိမ်အညာတစ်ခုကို ထပ်ခါထပ်ခါသာ ပြောနေ၊ လူတွေ ယုံလာလိမ့်မယ် ဆိုတဲ့ စကားကို ဒီနေ့ခေတ် လူမှုကွန်ယက်ပေါ်မှာ သတင်းမှားဖြန့်ချီ
7 March.png
သူတွေက တွင်တွင်ကျယ်ကျယ် ကျင့်သုံးလာတာကို တွေ့ရပါတယ်။

သတင်းမှားဖြန့်တဲ့ ပေချ့်တွေဟာ တခုကို နောက်တခုက ခရက်ဒစ်ပေးလိုက်၊ ကူးပြီးဖေါ်ပြလိုက်နဲ့ လူများများဆီကို ပြန့်အောင်လို့ လုပ်နေကြတာဟာ တော်တော်ကြာပါပြီ။ ဒီနေ့မှာလည်း Excellent News Agency လို့ ခေါ်တဲ့ သတင်းဌာနအယောင်ဆောင် ပေချ့်တစ်ခုက တင်တဲ့ သတင်းအတုကို ဝါဒဖြန့်ပေချ့်တွေဖြစ်တဲ့ ချွတ်ချော်တဲ့ လွှတ်တော်၊ NLD Government စတဲ့ ပေချ့်တွေကပါ Credit ပေးပြီး ဖေါ်ပြနေကြပါတယ်။

ဒီသတင်းအတုကို သေချာကြည့်လိုက်မယ်ဆိုရင် စတင်တာက Excellent News Agency ကပါ။ ဒါပေမယ့် ခဏလေးအတွင်းမှာ ပေချ့်အတုပေါင်းစုံကနေ ကူးယူဖေါ်ပြပြီးတော့ အခုဆိုရင် လူတော်တော်များဆီကို ပြန့်နှံ့နေတာ တွေ့ရပါတယ်။ ဒါတွေဟာ သူတို့ရဲ့ သတင်းအတုတွေကို လူတွေ ယုံကြည်လာအောင် များများဖြန့်တဲ့ နည်းပါပဲ။ ဒါမျိုး သတင်းတွေကို ဆင်တူရိုးမှား တင်တဲ့ ပေချ့်တွေရှိရင်လည်း တွေးပြီးမှယုံကို အသိပေးပေးပါအုံး။ သူငယ်ချင်းတို့အနေနဲ့ အခုဖေါ်ပြထားတဲ့ အထဲက ပေချ့်တွေကို Like ထား မိတာရှိရင်လည်း ပြန်ဖြုတ်ထားကြဖို့ တွေးပြီးမှယုံက တိုက်တွန်းပါရစေ။

%d bloggers like this: