သူငယ်ချင်းတို့ရေ
ဒီတခါပြောပြချင်တာကတော့ Page အတုအကြောင်းပါ။ ဒီပေ့ချ်က ဦးဝင်းထိန်ဆိုတဲ့ နာမည်နဲ့ ပေ့ချ်ပါပဲ။ ဒီပေ့ချ်နဲ့ ပတ်သတ်ပြီး အရင်တခါကလဲ Admin တို့ပြောပြဖူးပါတယ်။ ဒီပေ့ချ်အတုကနေဦးဝင်းထိန်အယောင်ဆောင်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအရေးများနှင့်ပက်သတ်ပြီး ထင်ယောင်ထင်မှား ဖြစ်စေရန်ရေးသားဖြန့်ဝေနေတာပါ။
ဒီကိစ္စနဲ့ပတ်သတ်လို့ ဦးဝင်းထိန် အကောင့်ကနေ ဒီပေ့ချ်ကိုအတုဖြစ်ကြောင်းလဲဖော်ပြထားတာတွေ့ရပါတယ်။
သူငယ်ချင်းတို့လည်း ဒီလို သတင်းပေ့ချ်အတုတွေကသတင်းအမှားတွေကို မယုံကြည်ကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။ သူငယ်ချင်းတို့အနေနဲ့လည်း ဒီပေ့ချ်အတုက သတင်းအမှားတွေကို မဖြန့်မိအောင် ပြန်လည်မျှဝေလိုက်ပါတယ်။