Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံတကာ>>သီရိလင်္ကာစစ်တပ်က အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေနဲ့တွေ့ပြီး ဘာတွေပြောခဲ့လဲ
နိုင်ငံတကာနိုင်ငံရေး

သီရိလင်္ကာစစ်တပ်က အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေနဲ့တွေ့ပြီး ဘာတွေပြောခဲ့လဲ

သူငယ်ချင်းတို့ရေ

ဒီတစ်ခေါက်လည်း Excellent News Agency ကတော့ သတင်းတုတွေ လုပ်ချလိုက်ပြန်ပါပြီ။ သူငယ်ချင်းတို့ သတိလက်လွတ်ဖြစ်ပြီး အမှားကြီးကို ယုံမိမှာကို တွေးပီးမှယုံ ကနေစိုးရိမ်မိပါတယ်။

အခုလည်း သီရိလကာၤနိုင်ငံ စစ်တပ်သတင်းဝက်ဆိုက်မှ သတင်းတစ်ခုကို Excellent News Agency က ရည်ရွယ်ချက်ရှိရှိ မှားယွင်းစွာ ဘာသာပြန်ဖော်ပြထားပါတယ်။ ဒါကလည်း ဂျင်းထည့်လို့ကောင်းတဲ့ ဂျင်းသတင်းလုပ်နည်းတစ်ခုပါပဲ။

ဒီသတင်းမှာ အကိုးအကားနဲ့ဖော်ပြထားတာ မတွေ့ရသလို၊ ဘယ်နေ့ ဘယ်ချိန်မှာ ဘယ်နေရာမှာ ဘယ်လိုတွေ့ဆုံခဲ့တယ်ဆိုတာကိုလည်း သေချာဖော်ပြထားတာမရှိပါဘူး။ သူတို့ရဲ့ပုံကို Reverse Image Search နဲ့ ရှာလိုက်တော့ သီရိလကၤာစစ္တပ္ ရဲ့ ဝက်ဆိုက်မှာ သွားတွေ့ပါတယ်။ အဲ့ဒီမှာ သတင်းမှန်ကတော့ မတ်လ ၈ နေ့က “သီရိလင်္ကာနိုင်ငံ စစ်တပ်မှ တာဝန်ရှိသူတွေက အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံကြပြီး ဗလီတွေနဲ့ မူဆလင်ဒေသခံတွေနေထိုင်တဲ့ ကျေးရွာတွေကို လုံခြုံရေးအပြည့်အဝထောက်ပံ့ပေးဖို့နဲ့ ပဋိပက္ခတွေကို တားဆီးပြီး ရပ်ရွာကို သာမန်အခြေအနေအမြန်ပြန်ရောက်ဖို့ ဒုတိယ ဗိုလ်ချုပ်ကြီး Mahesh Senanayake ပြောကြား” ခဲ့တဲ့ သတင်းပါ။

ဒါပေမဲ့ Excellent News Agency က ဘာသာပြန်ရေးထားတာကြီးကတော့ ***”မင်းတို့မွတ်ဆလင်တွေနေရာတိုင်း နိုင်ငံတိုင်းမှာ ဒုက္ခပတ်ပေးနေကြတယ် ဒါဗုဒ္ဓဘာသာ သီရိလင်္ကာနိုင်ငံ ဆော်ဒီမဟုတ်ဘူး ပါကစ္စတန်မဟုတ်ဘူးအေးအေးချမ်းချမ်းနေကြပါ နောက်တခါ ဒီလိုဆူပူမှုတွေဖြစ်လာရင်နိုင်ငံထဲက ဗလီတွေပါ အငွေ့ပျံပျောက်ကွယ်သွားမယ်*** ဆိုပြီးရေးထားပါတယ်။ ဒီလိုမျိုးလုပ်ထားတာက သတင်းမှန်ကို မသိပဲနဲ့ ဖတ်မိတဲ့ သူတွေက အမြင်လွဲမှားသွားနိုင်ပါတယ်။

အဲ့ Excellent News Agency အကြောင်းကို Admin တို့ခဏခဏ ပြောပြနေလို့ သူငယ်ချင်းတို့ တော်တော်သတိထားမိမှာပေါ့။ ဒီပေ့ချ်ကနေ သတင်းတုတွေကို အမျိုးမျိုးအဖုံဖုံ ဖန်တီးရေးသားနေတာက အွန်လိုင်းအသုံးပြုနေတဲ့သူတွေအတွက် အလွန်အန္တရာယ်များပါတယ်။

ကျန်တဲ့သူငယ်ချင်းတွေ သိရအောင်လို့လည်း ပြန်လည်မျှဝေပေးလိုက်ပါအုံးနော်။
မူရင္းသတင္းလင့္ခ္ကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။

 

%d bloggers like this: