Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>မုံရွာအောင်ရှင်ကို ရာထူးကနေ ဖယ်ရှားလိုက်တယ်ဆိုတဲ့ သတင်းတု
နိုင်ငံရေး

မုံရွာအောင်ရှင်ကို ရာထူးကနေ ဖယ်ရှားလိုက်တယ်ဆိုတဲ့ သတင်းတု

သူငယ်ချင်းတို့ရေ…

အခုပုံမှာဖော်ပြထားသတင်းကို သူငယ်ချင်းတို့လည်း တော်တော်များများ သိကြမှာပါ။ အခုရက်ပိုင်းလေးမှာ တော်တော်လေးကို လူသိများနေတဲ့ မုံရွာဦးအောင်ရှင်ကို ရာထူးကနေဖယ်ရှားလိုက်တယ်ဆိုတဲ့ သတင်းပါပဲ။

• DVB Debate မှာ မုံရွာဦးအောင်ရှင်က
“နောက် တက်လာတဲ့ သမ္မတတွေက ရုပ်ေသးရုပ်ဆိုတာ ကျတော်လက်မခံဘူး၊ ခုနောက်တက်လာတဲ့ သမ္မတတွေက
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ပွားပဲဖြစ်ရမယ်” ဆိုတဲ့ ပြောကြားချက်နဲ့ပတ်သတ်ပြီး ဧပြီလ ၂ ရက်နေ့မှာ ဒီသတင်း
တွေကို တော်တော်များများ ဖြန့်ကြပါတယ်
• စစ်ကိုင်းတိုင်း NLD နာယက ဦးဘာဘာက ပြောကြားချက်ဟာ ဘယ်နေ့ ဘယ်ရက်မှာ ထုတ်ပြန်ထားတယ် ဘယ်ဌာန
မှာမှ ဖော်ပြထားတာမရှိပါဘူး။
• နောက်တခုက သတင်းအရင်းအမြစ်ကို ယုံကြည်ရတဲ့ သတင်းအရင်းအမြစ်က မဟုတ်ပဲ မုံရွာသတင်းစုံဆိုပြီး ဖော်ပြကြ
ပါတယ်။ ဒီလိုသတင်းတွေဟာ ယုံကြည်စိတ်ချလို့မရပါဘူး။
• မတ်လ ၂၅ ရက်နေ့ စံတော်ချိန်သတင်းစာ ဖော်ပြထားပါတယ်ဆိုပြီး သတင်းဓာတ်ပုံနဲ့တကွ ဖြန့်ပြီးရေးသားဖော်ပြနေ
တာကို တွေ့ရမှာပါ။ တကယ်တော့ သတင်းအမှားကို တိကျခိုင်မာပါတယ်ဆိုပြီး တမင်ရည်ရွယ်ချက်ရှိရှိ ကြံစည်ထား
တယ်လို့ ယူဆလို့ရပါတယ်။

သူငယ်ချင်းတို့ ဝေခွဲလို့ရအောင် admin တို့က ၂၅ ရက်နေ့ထုတ် စံတော်ချိန် သတင်းစာပုံကို ဓာတ်ပုံနဲ့ ပြန်လည်ဖော်ပြပေးထားပါတယ်။ဒီသတင်းအရင်းမြစ်ခိုင်မာမှုမရှိကြတဲ့ သတင်းတွေကို မယုံကြည်ဖို့ #တွေးပြီးမှယုံက ပြောပြဖူးပါတယ်။ သူငယ်ချင်းတို့လည်း ဒီလိုသတင်းအမှားတွေကို share မိကြတဲ့ သူငယ်ချင်းတွေ သိရအောင် ပြန်လည်မျှဝေပေးလိုက်ပါအုံးနော်။

R N 7 April
R N 7 Aprils

%d bloggers like this: