သူငယ်ချင်းတို့ရေ
အခုပြောပြချင်တာလေးကတော့ သူငယ်ချင်းတို့ တော်တော်များများ သိပြီးဖြစ်တဲ့ လှိုင်သာယာ ထိန်ပင်အမှိုက်ပုံမီးလောင်မှုနဲ့ ပတ်သတ်တဲ့ သတင်းပါပဲ။ ဖော်ပြထားတဲ့ ပုံဟာဆိုရင် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး သွားရောက်တာနဲ့ ပတ်သက်ပြီး ကော်ဇောခင်းလမ်းလျှောက်နေတဲ့ပုံဆိုပြီး လူသိများနေတာဖြစ်ပါတယ်။
တကယ်တော့ Photoshop နဲ့ ပြုပြင်ထားတာပါ။ Facebook မှာ ဒီလိုမျိုး ဓာတ်ပုံတွေကို ပြု ပြင်ပြီးတော့ တကယ်ပဲ ဟုတ်သယောင်ယောင်တွေကို ဝါဒဖြန့်တဲ့ အကောင့်တွေ၊ ပေချ့်တွေက တင်နေကြတာပါ။ ပုံတွေကို သေချာ ကြည့်ကြည့်မယ်ဆိုရင် Photoshop နဲ့ လုပ်ထားတာတွေက သိသာတာမို့လို့ မြင်တာနဲ့ မ share ကြဖို့ တွေးပြီးမှယုံက တိုက်တွန်းပါရစေ။