Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>ပုံအမှားတွေနဲ့ရည်ရွယ်ချက်ရှိရှိပြုလုပ်လိုက်တဲ့သတင်းတု
နိုင်ငံရေးဘာသာရေး

ပုံအမှားတွေနဲ့ရည်ရွယ်ချက်ရှိရှိပြုလုပ်လိုက်တဲ့သတင်းတု

သူငယ်ချင်းတို့ရေ

ဒီတစ်ခါပြောပြချင်တာကတော့ မဟုတ်မမှန် ဝါဒဖြန့်နေတဲ့ post တွေအကြောင်းပါပဲ။ အခု ပုံမှာပြထားတာကတော့ မင်းချစ်ဦး ဆိုတဲ့ အကောင့်ကနေ အရင်တင်ပြီးတော့ နေ့စဉ်တိုင်းရင်းသားသတင်းများနှင့် နိုင်ငံရေးသတင်းများဆိုတဲ့ ပေ့ချ်က ပြန်လည်ကူးယူဖော်ပြထားတဲ့ သတင်းမှားပါ။ ဒီသတင်းမှားမှာဆိုရင် ဗလီမှာ ဝတ်ပြု ပြီး ပြန်ထွက်လာတဲ့ လူတွေကို ကျောင်းသားတွေ စာဝေနေတဲ့ပုံကိုပဲ ပြထားပြီးတော့ တခြားမဆိုင်တဲ့ ဖြစ်ရပ်တွေနဲ့ ပုံတွေကို ရောထွေးပြီး သတင်းမှားဖြစ်အောင် လုပ်ထားတာပါ။

တကယ်တော့ ကျောင်းသားတွေ လိုက်ဝေတဲ့စာဟာ ကချင်ဒေသအတွင်း ပိတ်မိနေတဲ့ စစ်ဘေးသင့်ပြည်သူတွေ လွတ်မြောက်ရေးအတွက် သပိတ်စခန်းဖွင့်ထားတဲ့ ကချင်လူငယ်တွေရဲ့ တောင်းဆိုထားတယ့်စာပဲဖြစ်ပါတယ်။ ပိုစ့်ပိုင်ရှင်ပြောထားသလို စစ်တပ်ရဲ့ လုပ်ရပ်ကို ရှုံ့ချဆန့်ကျင်တဲ့ စာသားတွေ မပါပါဘူး။ မူရင်းစာကိုလည်း အောက်မှာ ဖေါ်ပြထားပါတယ်။ အကြီးအကျယ် မှားယွင်းနေတဲ့အချက်က မန္တလေးက ကိုဇော်ဇော်လတ်ရဲ့ ပုံကို ဓနုဖြူ မှာ စာဝေတယ်ဆိုပီး မဟုတ်မမှန် ထည့်သွင်းထားတဲ့အချက်ပါပဲ။ ပုံအမှားတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ထည့်သွင်းအသုံးပြုပြီးတော့ အကုန်လုံးကို တိုက်ခိုက်ထားတာပါ။

တကယ့်ဖြစ်ရပ်တွေကို အခြေခံပြီးတော့ ပုံအမှားတွေကို ထည့်သွင်းပြီး သတင်းအမှားတွေကို ဝါဒဖြန့်ပေချ့်တွေနဲ့ အကောင့်တွေက အမြဲမပြတ် ပြုလုပ်လေ့ရှိပါတယ်။ ဓာတ်ပုံတွေပါလာတယ်ဆိုတိုင်း သတင်းမှန်တယ်လို့ ယုံကြည်လို့မရနိုင်ပါဘူး။ ဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး တွေးပြီးမှယုံက အမြဲမပြတ် တိုက်တွန်းလေ့ရှိပါတယ်။ ဘာကိုပဲတွေ့တွေ့ အခုအချိန်မှာ တကယ်ဖြစ်နေတာ ဟုတ်ရဲ့လား၊ မူရင်းသတင်းက ဘာလဲဆိုတာတွေကို လေ့လာဆန်းစစ်ပြီးမှသာ ယုံပေးကြပါနော်။Real News of 6May.png

%d bloggers like this: