သူငယ်ချင်းတို့ရေ
သတင်းတွေကို ဖတ်တဲ့အခါ၊ စစ်ဆေးတဲ့အခါမှာဘယ် နေရာ၊ ဘယ်နေ့ ဘယ်ချိန်၊ ဘယ်သူ့ပြောစကား စတာတွေကိုစစ်ဆေးကြည့်ဖို့ တွေးပီးမှယုံကနေ ခဏခဏ ပြောပြဖူးပါတယ်။ သတင်းတွေမှာ သတင်းတုလုပ်လို့အကောင်းဆုံးက
အချိန်ရက်စွဲတွေပါပဲ။ အခု Excellent News Agency ကတင်ထားတဲ့ သတင်းဟာလည်း ၂၀၁၇ ခုနစ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်တဲ့ သတင်းကို ပြန်လည်ဖော်ပြ ထားတာကိုတွေ့ရပါတယ်။ ဒီသတင်းကိုကြည့်လိုက်ရင် အချိန်ကာလ၊ ခုနစ်တွေကို ဖြုတ်ထားပြီး ယခုဖြစ်နေသယောင် ဖန်တီးရေးသားထားတယ်ဆိုတာ သူငယ်ချင်းတို့ ပုံကို ကြည့်ရင် ပိုပြီး သိသာထင်ရှားစေပါတယ်။
သူငယ်ချင်းတို့လည်း ဒီလို ရည်ရွယ်ချက်ရှိရှိနဲ့ ဖြန့်နေတဲ့သတင်းတွေကို မယုံမိအောင် တွေးပီးမှယုံကနေ ဖော်ပြပေးလိုက်ပါတယ်။ ကျန်တဲ့သူငယ်ချင်းတွေကို သတင်းမှန်သိရအောင် share ပေးလိုက်ပါအူးနော်။