Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>အစ္စလာမ်ဘာသာရေးခေါင်းဆောင်များက ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့တွေ့ပြီး ဘာတွေသဘောတူခဲ့လဲ
နိုင်ငံရေးဘာသာရေး

အစ္စလာမ်ဘာသာရေးခေါင်းဆောင်များက ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့တွေ့ပြီး ဘာတွေသဘောတူခဲ့လဲ

သူငယ်ချင်းတို့ရေ

Excellent News Agency မှာ အစ္စလာမ်ဘာသာရေးခေါင်းဆောင်များက ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့တွေ့ပြီး အိမ်တိုင်းမှာ စုပေါင်းဝတ်ပြုခွင့်ပေးရန် တင်ပြပြီး ဝန်ကြီးချုပ်ကလည်း ခွင့်ပြုလိုက်တယ်ဆိုပြီး ရေးထားတာကိုတွေ့ရပါတယ်။ သတင်းကို လိုရာဆွဲရေးသားပြီးတော့ လူတွေကို နားလည်မှုလွဲအောင် ပြုလုပ်ထားတာပါ။

တကယ်တော့ဒီသတင်းက ဥပုသ်လအတွင်းမှာ ဒဂုံမြို့နယ်အပါအဝင် ခုနှစ်မြို့နယ်မှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေအနေနဲ့ အချိန်မီ ဝတ်ပြုဖို့အခက်အခဲရှိနေတဲ့အတွက် ဒီကာလအတွင်း အိမ်တွေမှာ စုပေါင်းဝတ်ပြုခွင့်ပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလာမ်ဘာသာရေးအဖွဲ့ကြီးရဲ့ တာဝန်ရှိသူများက မေလ၁၂ရက်နေ့တုန်းက ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ခန်းမ(၄)မှာ တွေ့ဆုံတုန်း တင်ပြခဲ့တဲ့ သတင်းပါ။

ဒီအကြောင်းကို ဦးဖြိုးမင်းသိန်းကလည်း သူရဲ့လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထားပါတယ်။ ဒီသတင်းဟာ Excellent News Agency မှာ လိုရာဆွဲဖော်ပြထားသလို အိမ်တွေမှာပဲ စုပေါင်းပြီးတော့ အမြဲတမ်း ဝတ်ပြုခိုင်းတာမျိုး မဟုတ်ပါဘူး။ ဒီသတင်းဌာနအယောင်ဆောင်ရဲ့ ရည်ရွယ်ချက်က ဘာသာရေးအရ ပြဿနာတွေ တက်စေဖို့ ရည်ရွယ်ပုံရပါတယ်။ သတင်းအချက်အလက်တွေကို လိုရာဆွဲထုတ်ပြီးမှ သတင်းတစ်ခုလုံးကို အဓိပ္ပာယ်လွဲမှားစေဖို့ကို သတင်းမှားပြုလုပ်သူတွေက အမြဲတစေ ပြုလုပ်လေ့ရှိပါတယ်။ ဒါကြောင့် ဘာသာရေး၊ လူမျိုးရေးနဲ့ ပတ်သက်တဲ့ သတင်းတွေတွေ့လာရင် တခြားသတင်းရင်းမြစ်တွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီးမှ ယုံကြည်ကြဖို့ တွေးပြီးမှယုံက တိုက်တွန်းပါရစေ။
ဒီသတင်းရင်းမြစ်အစစ်အမှန်ကို အောက်ကလင့်ခ်မှာ စစ်ဆေးကြပါလို့
သတင်းတိုက်စစ်ရန်real News of 15May.png

#တွေးပြီးမှယုံ

%d bloggers like this: