Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>TNLA နှင့်ပတ်သက်သည့် သတင်းတု
နိုင်ငံရေး

TNLA နှင့်ပတ်သက်သည့် သတင်းတု

သူငယ်ချင်းတို့ရေ

မြန်မာပြည်ရဲ့ မြောက်ဖျားမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေပြင်းထန်မှုအပေါ် မူတည်ပြီး သတင်းတုတွေ အမြောက်အများ ထွက်ပေါ်နေပါတယ်။ တွေးပြီးမှယုံရဲ့ တွေ့ရှိချက်အရ လက်နက်ကိုင်တိုက်ပွဲတွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပတ်သက်ပြီးတော့မှ သတင်းတုတွေ ဖြစ်ပေါ်သမျှအထဲမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တွေဖြစ်တဲ့ ရက္ခိုင့်တပ်မတော် AA ၊ တအာန်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့နဲ့ ပတ်သက်တဲ့ သတင်းတုတွေ သတင်းမှားတွေကတော့ အများဆုံးပါပဲ။

အခုအောက်မှာ ပြထားတဲ့ သတင်းအတုကလည်း TNLA နဲ့ ပတ်သက်တဲ့ သတင်းအတုပါ။ မူဆယ်ပြီးရင် ရန်ကုန်၊ မန္တလေးကို တိုက်မယ်ဆိုပြီး TNLA က ပြောတယ်ဆိုတဲ့ သတင်းအတုဟာ .. Like နဲ့ … share တောင်ရထားပြီးတော့ တော်တော်လည်း ပြန့်နေတာ တွေ့ရပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး TNLA ရဲ့ တရားဝင် သတင််းပြန်ကြားရေးစာမျက်နှာနဲ့ တခြားသတင်းမီဒီယာတွေကို တွေးပြီးမှယုံက တိုက်ဆိုင်စစ်ဆေးကြည့်တဲ့အခါမှာတော့ သတင်းအတု ဖြစ်နေတာကို တွေ့ရပါတယ်။

သတင်းအတု ပြုလုပ်သူတွေရဲ့ ရည်ရွယ်ချက်က လူတွေကို ထိတ်လန့်တုန်လှုပ်စေရုံတင်မကဘဲနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို မူတည်ပြီး တိုင်းရင်းသားလူမျိုးစုတွေ အချင်းချင်းအကြား အမုန်းတရား ပွားစေဖို့ပါ ရည်ရွယ်တယ်လို့ တွေးပြီးမှယုံက သုံးသပ်မိပါတယ်။ TNLA ရဲ့ တရားဝင် ပြန်ကြားရေးစာမျက်နှာကို အောက်ကလင့်ခ်မှာ ဖော်ပြထားပါတယ်။ သူငယ်ချင်းတို့အနေနဲ့ တွေးပြီးမှယုံကနေ ဖေါ်ပြထားတဲ့ ယုံကြည်ရတဲ့ သတင်းရင်းမြစ်များမှာလည်း တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပတ်သက်တဲ့ သတင်းတွေကို စစ်ဆေးလို့ရပါတယ်။

သူငယ်ချင်းတို့အနေနဲ့ တွေးပြီးမှယုံက ခဏခဏ တိုက်တွန်းထားသလို သတင်းတွေကို တိုက်ဆိုင်စစ်ဆေးပြီးမှ ယုံကြည်ကြပါနော်။

FNs of 16May.png
TNLA ၏ တရားဝင်ပြန်ကြားရေးစာမျက်နှာ
#တွေးပြီးမှယုံ

%d bloggers like this: