သူငယ်ချင်းတို့ရေ…
ဒီတခါလည်း Excellent News Agency ဂျင်းထည့်လိုက်ပြန်ပြီ သူငယ်ချင်းတို့ရေ။ ဒီ page ကို သတိထားဖို့ admin တို့ ပြောပြဖူးပါတယ်။ အခုလည်း ဒီပေ့ချ်ကနေ ကျောင်းသားတွေ နိုင်ငံရေးမလုပ်လဲ မြန်မာနိုင်ငံပျက်စီးမသွားဘူး ဆိုတဲ့ သတင်းဟာ အွန်လိုင်းပေါ်မှာ တော်တော်လေး ပြန့်နေတာပါ။
တကယ်တော့ ဒီသတင်းဟာ သတင်းအတု ဖြစ်ပါတယ်။ Admin တို့က ဘာကြောင့် သတင်းအတုလို့ ပြောရလည်းဆိုရင်
– သတင်းမှာဆိုရင် ဘယ်နေရာ၊ ဘယ်အချိန် ေြ
ပာကြားခဲ့တာကို ဖော်ပြထားတာမရှိသလို
– တခြားယုံကြည်ရတဲ့သတင်းအရင်းမြစ် ဌာနေ
တွမှာလည်း ဖော်ထားခြင်းမရှိပါဘူး။
– Yangon Region Government သတင်းစာ
မျက်နှာမှာလည်း ဖော်ပြပါ သတင်းဓာတ်ပုံ
နဲ့အတူ သတင်းခေါင်းစဉ်ကိုလည်း ဖော်ပြ
ထားတာ မရှိသလို
– သတင်းဓာတ်ပုံအမှန်ဟာ ၁၇ ရက် မတ်လ
၂၀၁၈ နေ့က မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်
လုပ်ငန်းရှင်များအသင်း၏ နှစ်ပတ်လည်အသ
င်းသားစုံညီ အစည်းအဝေးက သတင်းဓာတ်
ပုံအမှန်ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်မှာ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်နဲ့ ပတ်သတ်ပြီး သတင်းအမှားဖန်တီးတဲ့သူတွေဟာ အချိန်အခါလိုက်ပြီး ဟော့ဖြစ်နေတဲ့ သတင်းတွေကို ဖန်တီးရေးသား တတ်ပါတယ်။ သူငယ်ချင်းတို့လည်း ဒီလိုသတင်းမျိုးတွေကို တော်ယုံနဲ့ မယုံကြဖို့ တွေးပြီးမှယုံကနေ ဖော်ပြပေးလိုက်ပါတယ်။
#တွေးပြီးမှယုံ