Home>>သတင်းအတုစစ်ဆေးခြင်း>>စီးပွားရေး>>ပြန်ကြားရေးဝန်ကြီးနဲ့ ဖေ့ဘွတ်ခ်ကုမ္ပဏီတို့ တွေ့ဆုံပြီး ဘာတွဆွေးနွေးခဲ့ကြလဲ
စီးပွားရေးနိုင်ငံရေး

ပြန်ကြားရေးဝန်ကြီးနဲ့ ဖေ့ဘွတ်ခ်ကုမ္ပဏီတို့ တွေ့ဆုံပြီး ဘာတွဆွေးနွေးခဲ့ကြလဲ

သူငယ်ချင်းတို့ရေ

ပြန်ကြားရေးဝန်ကြီးနဲ့ ဖေ့ဘွတ်ခ်ကုမ္ပဏီတို့ ဇွန်လ ၅ ရက်နေ့က တွေ့ဆုံခဲ့တယ်ဆိုတဲ့ သတင်းဟာ သူငယ်ချင်းတို့ သိပြီးဖြစ်ကြမှာပါ။ တွေ့ဆုံဆွေးနွေးပွဲမှာ ပြောကြားခဲ့တာတွေက ကြမ်းတမ်းရိုင်းပြစွာ ရေးသားပြောဆိုမှုတွေ၊ အမုန်းစကားရေးသား ဖြန့်ဝေမှုတွေနဲ့ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခဖြစ်ပွားစေနိုင်တဲ့ လှုံ့ဆော်ရေးသားမှုတွေအပေါ် ထိန်းကျောင်းဆောင်ရွက်ပေးဖို့ ဆွေးနွေးပြောဆိုကြပါတယ်။

ဒီသတင်းကို Excellent News Agency က ပြန်လည်ဖော်ပြတဲ့အခါမှာ လက်ရှိအစိုးရအား ဝေဖန်တိုက်ခိုက်သည့် Post များတင်နေသော Account များအား ပိတ်သိမ်းပေးနိုင်ရေးအတွက် မြန်မာအစိုးရမှ Facebook ကုမ္ပဏီအား ကမ်းလှမ်းထားမှုအပေါ် Facebook မှ လက်ခံခဲ့တယ်ဆိုတဲ့ သတင်းခေါင်းစဉ်နဲ့ အကြောင်းအရာ သတင်းရင်းမြစ်တွေကို ရည်ရွယ်ချက်ရှိရှိ ပြောင်းလဲပြီး ပြန်လည်ဖော်ပြ ထားပါတယ်။

အခုReal News For 7June.pngလို သတင်းအမှားတွေ ဖန်တီးပြီး ရေးသားဖော်ပြတဲ့ သတင်းတွေကို သူငယ်ချင်းတို့သိရအောင် ဖော်ပြပေးလိုက်ပါတယ်။ တခြားသူငယ်ချင်းတွေသိရအောင်လည်း ပြန်လည်ဖော်ပြလိုက်ပါအုံးနော်။

%d bloggers like this: