Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>NLD ပါတီတံဆိပ်နှင့်ကြေညာချက် အတုဖြစ်နေ
နိုင်ငံရေး

NLD ပါတီတံဆိပ်နှင့်ကြေညာချက် အတုဖြစ်နေ

သူငယ်ချင်းတို့ရေ

ဇွန်လ (၁၉) နေ့ရက်စွဲဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒဂုံအရှေ့ပိုင်းမြို့နယ်ပါတီ ဥက္ကဌ ဦးလှထွန်းဦးကို ဥက္ကဌရာထူးမှ အပြီးသတ်ထုတ်မယ်လိုက်တယ်ဆိုတဲ့ ကြေညာချက်အတုထွက်ခဲ့ပါတယ်။

ဒီကြေညာချက်အတုကို ကြည့်မယ်ဆိုရင် ကြေညာချက်တစ်စောင်မှာ တွေ့ရတဲ့ အထောက်အထားတွေနဲ့ လုပ်ထားတာကို တွေ့ရမှာပါ။ ဒီလိုကြေညာချက်အတုတွေဟာ ရုတ်တရက် သူငယ်ချင်းတို့ စဉ်းစားလို့မရအောင် ဖြစ်တတ်ပါတယ်။ ဒီကြေညာချက်ကို ပြန်လည်တုန့်ပြန်ထားတဲ့ Bago Information Committee – NLD page ကဖော်ပြထားတယ့် ပုံကို ပြန်လည်ဖော်ပြပေးထားပါတယ်။

သူငယ်ချင်းတို့လည်း ဒီလိုကြေညာချက် အတုတွေကို သတိထားရအောင် မျှဝေပေးလိုက်ပါတယ်။
Real News For 23June

#တွေးပြီးမှယုံ

%d bloggers like this: