Home>>သတင်းအတုစစ်ဆေးခြင်း>>စီးပွားရေး>>မဲဖောက်ပေးမယ်ဆိုတယ့် ပေ့ချ်တွေပို့စ်တွေကို Like, Share လုပ်သင့်မလုပ်သင့်
စီးပွားရေးပညာပေး

မဲဖောက်ပေးမယ်ဆိုတယ့် ပေ့ချ်တွေပို့စ်တွေကို Like, Share လုပ်သင့်မလုပ်သင့်

သူငယ်ချင်းတို့ရေ……

အချိန်ကိုက် ဂျင်းသတင်းတွေကို သတိထားကြပါ။ ကံစမ်းမဲဖောက်ပေးမယ်။ လက်ဆောင်တွေရမယ်ဆိုတဲ့ ဒီလို ဂျင်းပေ့စ်တွေကို မယုံကြည်ကြပါနဲ့။ Like, Share, Comment တောင်းပြီး ကောင်းကောင်းဂျင်းထည့်နေတဲ့ ပေ့ချ်တွေဟာ ဖေ့ဘွတ်မှာ တော်တော်များများ ရှိပါတယ်။

အချိန်ကိုက် သတင်းတွေကို လိုက်ပြီးရေးသားကြတဲ့ ဂျင်းသတင်းတွေဟာ သူငယ်ချင်းတို့ကို ကောင်းကောင်းဂျင်းထည့် လို့ကောင်းပါတယ်။ အကယ်ဒမီပွဲ ပြီးတော့ အကယ်ဒမီရလို့ ဖုန်းမဲဖောက်ပေးမယ်ဆိုပြီး Like, Share တောင်းပြီး ဂျင်းထည့်ဖူးသလို၊ အခုလည်း ထိုင်းနိုင်ငံ ကပျောက်ဆုံးနေတဲ့ ကလေး ၁၃ ယောက်ကို ပြန်တွေ့ခြင်း အထိမ်းအမှတ်အနေနဲ့ ကံစမ်းမဲ ဖောက်ပေးမယ်ဆို တဲ့ အချိန်ကိုက်ဂျင်းထည့်နေတာကို သတိထားစေချင်ပါတယ်။

ဒီလိုဂျင်းပေ့ချ်တွေဟာ လူအများစိတ်ဝင်စားစေ တဲ့ အကြောင်းအရာတွေ သတင်းတွေနဲ့ သူတို့ရဲ့ Page ကို Like များများရအောင် လုပ်ဆောင်ကြပါတယ်။ ဒီလို ဂျင်းပေ့ချ်တွေဟာ Like များများရလေ ပြန်ရောင်းစားလို့ရသလို၊ တချို့လူတွေက ဒီလိုပေ့ခ်ျကနေ သတင်းအမှား အမျိုးမျိုးကို ရေးသားဖြန့်ဝေကြပါတယ်။ ဒါကြောင့် သူငယ်ချင်းတို့လည်း ဒီလို ဂျင်း Page တွေက post တွေကို Like, Share မလုပ်ပဲ သတိထားရအောင် သတိပေးလိုက်ပါတယ်နော်…

1.png

%d bloggers like this: