Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>လူမှုကွန်ယက်တွင် လူမျိုးရေး ဘာသာရေး ပြဿနာ ဖြစ်ပေါ်အောင် လှုံ့ဆောင်သည့်သတင်းတခုပျံ့နှံ့
နိုင်ငံရေးဘာသာရေးလူမျိုးရေး

လူမှုကွန်ယက်တွင် လူမျိုးရေး ဘာသာရေး ပြဿနာ ဖြစ်ပေါ်အောင် လှုံ့ဆောင်သည့်သတင်းတခုပျံ့နှံ့

“သူငယ်ချင်းတို့ရေ…. ဗုဒ္ဓဘာသာ ဆရာမများနှင့်ကျောင်းသားကျောင်းသူများ ရင်နင့်စရာဖြစ်ရပ်ဆိုတဲ့ စာတစ်ခုက လူမှုကွန်ယက်ပေါ်မှာ တော်တော်လေး ပျံ့နှံ့နေတာကို တွေ့ရပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး တွေးပြီးမှယုံကို တချို့ သူငယ်ချင်းတွေက မက်ဆင်ဂျာကနေ လာမေးခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အချက်အလက်များ မှန်ကန်ခြင်းရှိမရှိကိုတွေးပြီးမှယုံက ဆက်သွယ် အတည်ပြုခဲ့ပါတယ်။

တွေးပြီးမှယုံရဲ့ မေးမြန်းအတည်ပြုချက်အရ အမက (၃၂) ကို ပြုပြင်နေချိန်မှာ ကျောင်းသား/သူတွေကို ဓမ္မာရုံအပါအဝင် သုံးနေရာခွဲပြီး သင်ကြားနေရတာဟာ ကျောင်းသား/သူတွေအတွက်ကော ဆရာ၊ ဆရာမတွေအတွက်ပါ အဆင်မပြေတဲ့အတွက် ပညာရေးမှူးက ဘာသာရေးကျောင်းကို အကူအညီတောင်းခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် ကျောင်းသား/သူတွေအတွက် ပြောင်းရွှေ့သင်ကြားရမယ့်နေရာမှာ ပညာသင်ကြားဖို့ အဆင်ပြေမပြေကို ကျောင်းအုပ်ဆရာမကြီးက ကျောင်းသားမိဘတွေကို အစည်းအဝေးခေါ်ပြီး တိုင်ပင်ခဲ့ပြီး ကျောင်းသားမိဘ အများစုက အဆင်ပြေတယ်လို့ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် ဆရာမကြီးက ဆုံးဖြတ်ခဲ့တယ်ဆိုတဲ့ အချက်ဟာ လွဲမှားနေပါတယ်။ ဒီဖြစ်စဉ်မှာ ကျောင်းသား/သူတွေ မနက်ကျောင်းတက်ချိန် ဘုရားဝတ်ပြုဖို့နဲ့ ကြိုက်နှစ်သက်ရာ အစားအစာကိုပါ ကျောင်းသယ်လာခွင့်ကိုပါ အကူအညီတောင်းခံရတဲ့ ဘာသာရေးစာသင်ကျောင်းက ခွင့်ပြုခဲ့တယ်လို့လည်း သိရပါတယ်။ ဒါကြောင့် ဖေ့ဘွတ်မှာဖြန့်နေသလို ဘာသာရေးဆိုင်ရာ ပြဿနာလည်း ရှိမနေပါဘူး။ လူမှုကွန်ယက်မှာ ဒီသတင်းကို ဖြန့်နေပြီး လူမျိုးရေး ဘာသာရေး ပြဿနာ ပေါ်အောင် ပြုလုပ်နေကြတာကို သတိပြုမိဖို့ လိုပါတယ်။ သူငယ်ချင်းတို့အနေနဲ့ သတင်းမှန်/မမှန်ကို ခွဲခြားဖို့ ခက်နေတယ်ဆိုရင် တွေးပြီးမှယုံကို ပေးပို့ပြီး စစ်ဆေးကြဖို့ ပြောလိုပါတယ်နော်။

Fake News 4 July
#တွေးပြီးမှယုံ

%d bloggers like this: