Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>ကယားပြည်နယ်ဗိုလ်ချုပ်ကြေးရုပ်နဲ့ပတ်သက်ပြီး NLD ပါတီကြေညာချက်အတုထွက်ပေါ်
နိုင်ငံရေးလူမျိုးရေး

ကယားပြည်နယ်ဗိုလ်ချုပ်ကြေးရုပ်နဲ့ပတ်သက်ပြီး NLD ပါတီကြေညာချက်အတုထွက်ပေါ်

“သူငယ်ချင်းတို့ရေ——–

သတင်းတုရေးသားနေတယ့်သူတွေဟာ လူမှုကွန်ယက်မှာ ဖြစ်ပွားနေတယ့်အခြေအနေကိုကြည့်ပီး သတင်းတုရေးသားလေ့ရှိတာကိုတွေးပြီးမှယုံ ကနေပြောပြဖူးပါတယ်။ အခုလည်း ကယားပြည်နယ်တွင် ဗိုလ်ချုပ်ရုပ်ထု ထားရှိမည့်ကိစ္စနဲ့ ပက်သတ်ပြီး ဒေသခံတိုင်းရင်းသားများ နှင့် အစိုးရအကြားသဘောထားကွဲလွဲပီး ဝေဖန်မှုအမျိုးမျိုးမြင့်တက်နေသည့်အချိန်လည်းဖြစ်နေပါတယ်။

အဲ့ဒီအခြေအနေကိုအခွင့်ကောင်းယူပီး သတင်းတုရေးသားနေတဲ့သူတွေက ဗိုလ်ချုပ်ရုပ်ထု စိုက်တဲ့ ပြဿနာ နဲ့ ပက်သက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကစီစဉ်ခဲ့ပြီး အကန့်အသတ်မရှိ ရွေ့ဆိုင်းကြောင်း ကြေငြာချက် တစ်ခု ကိုရေးသားဖြန့်ဝေခဲ့ကြပါတယ်။တကယ်တော့ ဒီကြေညာချက်အတုဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ တရားဝင် Page မှာလဲ တင်ထားခြင်း မရှိသလို ဒီနေ့ထုတ်တဲ့ 7 day သတင်းစာမှာပါတဲ့ သတင်းမှာလဲ သမ္မတရုံးနှင့် ဒီချုပ်က ညွှန်ကြားထားခြင်း မရှိလို့ ရေးသားထားတာကို တွေ့ရပါတယ်။

သူငယ်ချင်းတို့အနေနဲ့လည်းသတင်းတွေကိုတွေ့တယ့်အခါလွယ်လွယ်မယုံပဲ သေချာစိစစ်ပီးမှယုံဖို့ တွေးပြီးမှယုံ ကနေဖော်ပြေပေးလိုက်ပါတယ်နော်။
#တွေးပြီးမှယုံ

real News of General

%d bloggers like this: