“Fake_news_alert”
Excellent News Agency ကနေ တင်ထားတဲ့ ပြည်သူ့ဆန္ဒအလေးမထားတဲ့ NLD ပါတီကို ကြားဖြတ်ရွေးကောက်ပွဲမှာ မဲမပေးကြဖို့ ကရင်နီ လူငယ်များတိုက်တွန်းတယ်ဆိုတဲ့ သတင်းဟာ အွန်လိုင်းမှာ တော်တော်ပြန့်ခဲ့ပါတယ်။ တကယ်တော့ ဒီသတင်းဟာ သတင်းအမှားပါ။ တွေးပြီးမှယုံရဲ့ စစ်ဆေးမှုအရ
• တိကျခိုင်မာတဲ့ သတင်းမီဒီယာဌာနများမှာ မဲ မပေးဖို့ ပြောဆိုထားကြောင်းကို ဖော်ပြထားခြင်းမရှိတာကို တွေ့ရပါတယ်။
• တွေးပြီးမှယုံရဲ့ ဒေသခံများမှတဆင့် ဆက်သွယ်အတည်ပြုချက်အရ ဒီသတင်းဟာ သတင်းမှားဖြစ်ကြောင်းနဲ့ ကရင်နီခေါင်းဆောင်လူငယ်များက ဒီသတင်းမှားမှာ ဖော်ပြထားသလို ပြောဆိုထားခြင်းမရှိကြောင်း တွေ့ရှိရပါတယ်။
သတင်းမှန်ဖြစ်တဲ့ ကယား(ကရင်နီ)ပြည်နယ်တွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထု တည်ဆောက်မှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံမှုအပြီး ကရင်နီပြည် လူငယ်ထုရဲ့ သတင်းထုတ်ပြန်ချက်ကို လည်း အောက်ပါပုံမှာ ပြထားပါတယ်။