Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>Excellence News Agency ကတင်ထားသည့် ရန်ကုန်တိုင်းအစိုးရနှင့် ပတ်သက်သည့် သတင်းတု
နိုင်ငံရေး

Excellence News Agency ကတင်ထားသည့် ရန်ကုန်တိုင်းအစိုးရနှင့် ပတ်သက်သည့် သတင်းတု

“သူငယ်ချင်းတို့ရေ……

မနေ့က (19.7.18) Excellence News Agency ကတင်လိုက်တဲ့ “အရင်အစိုးရကြောင့် ဓာတ်ကြိုးများပြတ်ကျခြင်းဖြစ်၍ ရန်ကုန်အစိုးရတာဝန်မရှိ တာဝန်မယူဟု ဦးဖြိုးမင်းသိန်းပြော” ဆိုတဲ့ သတင်းခေါင်းစဉ်နဲ့ သတင်းလေးကို ဖတ်မိပြီးကြပြီလား။

ဦးဖြိုးမင်းသိန်းဟာ BBC သတင်းဌာန နဲ့ အမှန်တကယ်ပဲ အင်တာဗျူးဖြေခဲ့ပြီး သူပြောခဲ့တဲ့ အကြောင်းအရာကိုလဲ Excellence News Agency ရဲ့ သတင်းထဲမှာ ထည့်ရေးထားတာကြောင့် ရုတ်တရက်ကြည့်လိုက်ရင် ဒီသတင်းဟာ အမှန်လို့ပဲ အလွယ်ယုံသွားကြမှာပါ။ တကယ်တော့ ဒီသတင်းဟာ သတင်းတုပါ။

ဦးဖြိုးမင်းသိန်းမပြောခဲ့တဲ့ စကားတွေကို ပြောသလိုနဲ့ ထည့်ရေးထားတာကိုလဲ တွေ့ရမှာပါတယ်။သတင်းအစစ်ကိုသုံးပြီး အချက်အလက်အများတွေကိုထည့်ရေးထားတယ့် သတင်းတုပါ။

ဒီသတင်းတုထဲမှာဆိုရင် ‘‘အခု လတ်တလောမှာ တော့ အနှစ် ၅၀ ဖြစ်ခဲ့တဲ့ အရည် အသွေးမပြည့်မီမှုတွေ၊ အစိုးရရဲ့ စီမံကိန်းတွေမှာ အရည်အသွေး ပြည့်မီတဲ့ ပစ္စည်းတွေ မသုံးစွဲခဲ့မှု တွေရဲ့ ဂယက်ရဲ့ဒဏ်ကို ကျွန် တော်တို့ အခု ပြည်သူတွေ ခံစား နေကြရတာဖြစ်တယ် ဒါကြောင့် ကိုတို့ ရန်ကုန်အစိုးရအနေနဲ့ ဒီကိစ္စမှာတာဝန်မရှိဘူး၊ တာဝန်မယူပေးနိုင်ဘူး၊ ဒါကိုတော့ နားလည်ပေးစေချင်တယ် ’’ ဟု ဝန် ကြီးချုပ်က ဆိုသည်ဆိုတဲ့ စကားက အမှန်တကယ် မှာတော့ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းတကယ်ပြောထားတယ့်အကြောင်းအရာမဟုတ်ပါဘူး။ဒီသတင်းဟာ ရည်ရွယ်ချက်ရှိရှိနဲ့ ပြန်တင်ထားတယ့်သတင်းတပုဒ်ဖြစ်တယ်ဆိုတာ တွေးပီးမှယုံ ကနေသူငယ်ချင်းတို့ကိုအသိပေးလိုက်ပါတယ်နော်။
BBC ရဲ့ အင်တာဗျူးကိုလဲ link ထည့်ပေးထားပါတယ်။
တွေးပြီးမှယုံ ရဲ့ သူငယ်ချင်းတွေအနေနဲ့ တွေ့သမျှသတင်းတွေကို အယုံမလွယ်ပဲ သတင်းမှန်မမှန်ကို အရင် ဆန်းစစ်ဖို့နဲ့ သတင်းတုလို့ ယူဆရင် တွေးပြီးမှယုံ ရဲ့ Chat box ထဲကို ဆန်းစစ်ဖို့ ပို့ပေးလို့ ရပါတယ်နော်…။

BBC interview link; https://www.bbc.com/burmese/media-44867299
#တွေးပြီးမှယုံ”

%d bloggers like this: