တွေးပြီးမှယုံ အနေနဲ့ ဒီမနက် ပြောပြချင်တဲ့ သတင်းတု တစ်ခုက 18.7.18 ရက်နေ့က နာမည်ကြီးသွားတဲ့ National League for Democracy News ဆိုတဲ့ Page က တင်ထားတဲ့ “NLD ပါတီ၏ စီးပွားရေးပညာရှင်များခန့်မှန်းချက်အရ ၂၀၂၀ တွင်
မြန်မာ့စီးပွားရေး တိုးတက်မှုနှုန်း စင်ကာပူထက်သာလွန်မည်” ဆိုတဲ့ သတင်းပါ။
ဒီသတင်းက အတု ဖြစ်နေတယ်ဆိုတဲ့ အကြောင်းနဲ့ ဒီလို သတင်းတု တင်တဲ့ Page ကိုအရေးယူမယ်လို့ 21.7.2018 ရက်နေ့ထုတ် စံတော်ချိန် သတင်းစာမှာ ဖော်ပြထားတာ တွေ့ရမှာပါ။ အဲ့ဒီ သတင်းတုတွေ တင်နေတဲ့ Page ကလဲ အတုဖြစ်ပြီး ကြေငြာချက် အတုတွေကို ထုတ်နေပါသေးတယ်လို့ ပြောသွားပါသေးတယ်။
တွေးပြီးမှယုံ ရဲ့ သူငယ်ချင်းတွေအနေနဲ့ သတိထားနိုင်အောင်
ဖော်ပြလိုက်ရပါတယ်နော်…။
တခြားသူငယ်ချင်းတွေလဲ သိအောင် ဝေမျှပေးကြပါစို့နော်။ 😍😍😍
#တွေးပြီးမှယုံ”