Home>>သတင်းအတုစစ်ဆေးခြင်း>>ဘာသာရေး>>သူရဦးအောင်ကိုက ဘာသာပေါင်းစုံအဖွဲ့နဲ့ ဘာတွေပြောခဲ့သလဲ
ဘာသာရေးလူမျိုးရေး

သူရဦးအောင်ကိုက ဘာသာပေါင်းစုံအဖွဲ့နဲ့ ဘာတွေပြောခဲ့သလဲ

သြဂုတ်လ ၅ ရက်နေ့က ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ နဲ့ တွေ့ဆုံတဲ့သတင်းနဲ့ ပက်သက်ပြီးတော့ သတင်းတု တစ်ခု ပျံ့နှံ့နေပါတယ်။

38679736_868212996712093_9061622335831801856_o

ဒီသတင်းဟာဆိုရင် အမှန်တကယ် တွေ့ဆုံခဲ့တဲ့ သတင်းကိုအခြေခံထားပြီး အချက်အလက်တွေကို ပြောင်းလဲ ရေးသားထားတာပါ။ ပြောင်းလဲထားတဲ့ အချက်အလက်တွေနဲ့ ပက်သက်ပြီး…

၁။ ၂၁.၈.၂၀၁၃ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ယာယီဖွဲ့စည်းခွင့်လက်မှတ် ဖွဲ့စည်းခွင့်ပြုခဲ့ ပြီး၊ ၃၀.၃.၂၀၁၇ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာနကလည်း အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ကို(မြန်မာနိုင်ငံ)ကို ဦးစီးနာယကများ၊ နာယကများ၊ ဥက္ကဌများ စုစုပေါင်း ၇၂ ဦးဖြင့် ၁၀.၇.၂၀၁၈ ရက်နေ့တွင် ပြင်ဆင်ဖွဲ့စည်းခဲ့လို့ ဖော်ပြထားပါတယ်။ (ဘာသာပေါင်းစုံအဖွဲ့ကြီးကို ၁၁ လအတွင်း ခိုင်မာအောင်ဖွဲ့စည်းမည်လို့) ရေးသားဖော်ပြထားခြင်းမရှိပါဘူး။

၂။ (အမုန်းစကားတားဆီးကာကွယ်ရေးအတွက် ဥပဒေကြမ်းတစ်ခုရေးဆွဲသွားမည်။ အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း ၎င်းဥပဒေကြမ်းအတွက် ပြည်ပမှဘာသာခြားများထံ အကြံဉာဏ်တောင်းခံထားသည်) ကို ရေးသားဖော်ပြ ထားခြင်းမရှိပါဘူး။

၃။ နိုင်ငံတော်က ချမှတ်ပြဌာန်းထားသော ဥပဒေများနှင့်အညီဘာသာရေး၊ သာသနာရေးနှင့် နိုင်ငံတော်အကျိုး ပြုလုပ်ငန်းများဆောင်ရွက်ရာမှာ လွတ်လပ်စွာဆောင်ရွက်ရန်အတွက် မိမိတို့ဝန်ကြီးဌာန အနေဖြင့် အကူအညီပေးခြင်းမျှသာဖြစ်ကြောင်းကို ရေးသားဖော်ပြထားပါသည်။ (ထိုအဖွဲ့ကြီးအတွက် သာသနာရေး
ဝန် ကြီးဌာနက အပြည့်အဝ အကာအကွယ်ပေးမည်)လို့ ရေးသားဖော်ပြထားခြင်းမရှိပါဘူး။)

၄။ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(မြန်မာနိုင်ငံ)သည် လွတ်လပ်သည့် NGO အဖွဲ့အစည်းဖြစ်သည် နှင့်အညီ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအပါအဝင် အခြားမည်သည့်ဌာနအဖွဲ့အစည်းကမျှ ထိန်းသိမ်း ကြပ်မတ်ထားခြင်းမရှိစေရလို့ ရေးသားဖော်ပြထားပါသည်။ (လွတ်လပ်တဲ့ NGO အဖွဲ့ကြီးဖြစ်လို့ လွတ်လပ်စွာသွားလာခွင့်ရှိသည်)လို့ ရေးသား ဖော်ပြထားခြင်းမရှိပါဘူး။)

၅။ (ရခိုင်ဒေသအတွက် ပုတ်ရဟန်းမင်းကြီးက ဒေါ်လာတစ်သိန်းကို ဘာသာပေါင်းစုံအဖွဲ့ထံ လှူဒါန်းထားပါ သည်။ အဖွဲ့ကို လှူဒါန်းတာဖြစ်လို့ အစိုးရကို အသိမပေးလဲ ရပါတယ်)လို့ ရေးသားဖော်ပြထားခြင်း မရှိပါဘူး။

၆။ (သံဃာငယ်များဟာ အစိုးရကိုဒုက္ခပေးနေတယ်၊ ဘာသာရေးသွေးခွဲနေတယ်၊ တရားမဝင်တဲ့ အဖွဲ့ဖွဲ့ပြီး ဥပဒေနဲ့ မညီတာတွေနေပါတယ်။ လိုအပ်ရင် အရေးယူမှာဖြစ်ပါတယ်)လို့ ရေးသားဖော်ပြထားခြင်း မရှိပါဘူး။

၇။ (သာသနာရေးဝန်ကြီးဌာက ညွှန်ကြားချက်မပေးဘဲ နောက်ကွယ်ကနေ ရပ်တည်ပေးပါမယ်) လို့ရေးသားဖော်ပြထားခြင်း မရှိပါဘူး။

၈။ ရေဘေးသင့်ပြည်သူများအတွက် မြန်မာနိုင်ငံလုံးဆိုရာအစ္စလာမ်ဘာသာရေးအဖွဲ့က အလှူငွေကျပ် သိန်း ၅၀၊
မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေး ဗဟိုအဖွဲ့ချုပ်နှင့်ဟိန္ဒူမိသားစုများ ရေဘေးကယ်ဆယ်ရေးအဖွဲ့တို့ က အလှူငွေကျပ် (၅၁) သိန်းနှင့် ခရစ်ယာန်ဘာသာပေါင်းစုံအဖွဲ့က အလှူငွေကျပ်သိန်း(၂၀) တို့ကို ပေးအပ်လှူဒါန်းခဲ့ပြီး သူရဦးအောင်ကိုကလက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့သည်လို့ ရေးသားဖော်ပြထားပါသည်။ (ရေးဘေးအတွက် မွတ်စလင်အဖွဲ့အများဆုံးလှူဒါန်းထားပါကြောင်၊ ဟိန္ဒူနဲ့ခရစ်ယာန်အဖွဲ့တွေကလဲလှူဒါန်းပါ ကြောင်း၊ ဗုဒ္ဓဘာသာအဖွဲ့တွေကတော့ လှူဒါန်းခြင်းမရှိပါဘူး)လို့ ရေးသားဖော်ပြထားလည်း မရှိပါဘူး။

အချက်အလက်တွေကို လွဲမှားပြီး ရေးသားထားတဲ့ သတင်းတုကိုလဲပုံမှာ ဖော်ပြထားပါတယ်။ သတင်းအမှန်ဖြစ်တဲ့ ကြေးမုံသတင်းကိုဒီလင့်မှာ ဖော်ပြထားပါတယ်။

38689604_868213036712089_7665437422632566784_o

တွေးပြီးမှယုံ ရဲ့ သူငယ်ချင်းတွေ အနေနဲ့ သတိထားစေချင်လို့ဖော်ပြပေးလိုက်ပါတယ်။ သတင်းမှန်/မှား ဝေခွဲရ ခက်နေတဲ့သတင်းတွေကိုလဲ တွေးပြီးမှယုံရဲ့ Chat box မှာ လာရောက်မေးမြန်းနိုင်ပါတယ်နော်။

တခြားသူတွေ သိထားလို့ ရအောင်လဲဝေမျှပေးကြရအောင်ပါ။

Leave a Reply

%d bloggers like this: