Freedom News Group ဆိုတဲ့ Page တစ်ခုကနေ ဒေါ်လာဈေးမြင့်တက်မှုနဲ့ အချိန်ကိုက်ပြီးတော့ ကောလာဟလတစ်ခု အချိန်ကိုက်ထုတ်ခဲ့တာကို တွေးပြီးမှယုံက တွေ့ရှိခဲ့ပါတယ်။ ဒီ Page ကနေ အခုအောက်မှာပြထားတဲ့ ပိုစ့်ကို ငွေကုန်ခံ Boost လုပ်ထားပြီး လူတွေကြားမှာ ပြန့်နှံ့မှုအားကောင်းအောင် စနစ်တကျ လုပ်နေတာကို သတိထားမိပါတယ်။
ဒီကောလဟာလနဲ့ ပတ်သက်ပြီး ပြောနိုင်တာက ဒီ Page ဟာ ယုံကြည်ရတဲ့ သတင်းဌာန တစ်ခု မဟုတ်သလို၊ အခု ပိုစ့်ဟာလည်း ဘယ်သတင်းရင်းမြစ်ကိုမှ အခြေမခံထားဘဲ ငွေကုန်ခံပြီး တမင်သက်သက် ဖွတဲ့ ကောလာဟလပါ။ ဒီ သတင်းတုကြောင့် သူငယ်ချင်းတို့အနေနဲ့ မပူပန်စေဖို့ တွေးပြီးမှယုံက မျှဝေလိုက်ပါတယ်။