Home>>သတင်းအတုစစ်ဆေးခြင်း>>စီးပွားရေး>>ငွေစက္ကူ နှင့်ပတ်သက်ပြီး ထွက်ပေါ်လာသည့် သတင်းတု
စီးပွားရေးနိုင်ငံရေး

ငွေစက္ကူ နှင့်ပတ်သက်ပြီး ထွက်ပေါ်လာသည့် သတင်းတု

သတင်းအတုတွေ ပြုလုပ်သူတွေဟာ ဟော့ပ်ဖြစ်နေတဲ့ ကိစ္စတွေကို အသုံးချပြီး သတင်းအတုတွေကို ဖန်တီးကြပါတယ်။ အခုပြထားတဲ့ “တစ်သောင်းတန်နှင့်ငါးထောင်တန် ငွေစက္ကူများ ပြန်လည်ရုပ်သိမ်းသင့်ကြောင်း အကြံပြုစာကို NLD ပါတီမှ လွှတ်တော်သို့ပေးပို့မည်” ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းဟာ ဒေါ်လာဈေးမြှင့်တတ်နေတာနဲ့ ပတ်သတ်ပြီး အချိန်ကိုက်ထွက်ရှိလာတဲ့ သတင်းအတုပဲဖြစ်ပါတယ်။ သတင်းအတုဖြစ်ကြောင်းသေချာစေတဲ့ အချက်တွေကတော့

၁) ဒီသတင်းနဲ့ပတ်သတ်ပြီး အခြားသော တရားဝင်သတင်းဌာနတွေမှာလည်း ဖော်ပြထားတာမရှိသလို၊

၂) ဒီ page က ရည်ညွှန်းထားတဲ့ AFP သတင်းဌာ နမှာလည်း ဖော်ပြထားတာမရှိတဲ့ အချက်ပါ။

အရေးအကြီးဆုံး အချက်ကတော့ အခု သတင်းအတုကို ဖြန့်ဝေထားတဲ့ National League for Democracy News ဆိုတဲ့ page ဟာ NLD ရဲ့ တရား ဝင် သတင်းနှင့်ပြန်ကြားရေး သတင်းစာမျက်နှာ မဟုတ်ဘဲ page အတု တစ်ခုသာဖြစ်ပါတယ်။ ဟော့ဖြစ်နေတဲ့ ကိစ္စကို page အတုကနေ လူတွေ စိတ်ပူပန်အောင် ရည်ရွယ်ချက်ရှိရှိ သတင်းတုဖြန့်တာ ဖြစ်ပါတယ်။ သူငယ်ချင်းတို့အနေနဲ့ ဒီလိုသတင်းအတုတွေကို သတိထားနိုင်အောင်လို့ တွေးပြီးမှယုံက ဖော်ပြပေးလိုက်ပါတယ်။
Untitled design (1)
#တွေးပြီးမှယုံ

%d bloggers like this: