Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>ဒေါက်တာ သက်သက်ခိုင်နဲ့ ပတ်သက်တဲ့ သတင်းတု
နိုင်ငံရေး

ဒေါက်တာ သက်သက်ခိုင်နဲ့ ပတ်သက်တဲ့ သတင်းတု

သတင်းတုရေးသားသူတွေဟာ လူစိတ်ဝင်စားမှုများတဲ့ သတင်းတွေကို အချိန်အခါလိုက် ပုံဖော်ရေးသားနေကြတာဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အလေ့အထတစ်ခုလို ဖြစ်နေသလားလို့တောင် ထင်ရပါတယ်။

အခုလည်း ဒေါက်တာ ဒေါ်သက်သက်ခိုင်နဲ့ ပက်သတ်တဲ့သတင်းတွေကို အွန်လိုင်းမီဒီယာပေါ်မှာ ဖြန့်နေကြတာ

R N 4.9 (1).png

သူငယ်ချင်းတို့လည်း တွေ့မြင်ကြမှာပါ။ ဒီသတင်းကတော့ “၂၀၂၀ရွေးကောက်ပွဲကာလတွင် NLD ပြန်လည်အနိုင်ရရှိပါကတိုင်းပြည် အန္တရာယ်မှာ အလွန်ကြောက်စရာကောင်းကြောင်း..ဒေါက်တာ ဒေါ်သက်သက်ခိုင် ပြောဆိုလိုက်ပြီ…” ဆိုတဲ့သတင်းနဲ့ ပက်သတ်ပြီး သတင်းအမှားဟာ အလွယ်တကူပြန့်နှံ့လာပါတယ်။ ဒီသတင်းဟာ လူတွေအကြားမှာလဲ အတော်လေးပြန့်နှံ့နေသလို စိတ်ဝင်စားမှုအရမ်းမြင့်တက်နေတဲ့သတင်းတစ်ပုဒ်လဲဖြစ်ပါတယ်။ဒီသတင်းမှာဆို ရင် သတင်းရင်းမြစ်ဟာ ခိုင်မာမှုမရှိသလို၊ ဘယ်နေ့၊ ဘယ်အချိန်၊ ဘယ်နေရာမှာ ပြောဆိုခဲ့တယ်ဆိုတာလည်း ဖော်ပြထားခြင်း မရှိပါဘူး။

ဒီသတင်းနဲ့ ပတ်သတ်ပြီး ဒေါက်တာ သက်သက်ခိုင်ရဲ့ ကိုယ်ပိုင်ဖေ့ဘွတ်စာမျက်နှာမှာလည်းပြောဆိုခဲ့ခြင်းမရှိကြောင်းကို ၎င်းမှပြန်လည်တုံ့ပြန်ရေးသားထားပါတယ်။ သူငယ်ချင်းတို့လည်း ဒီလိုလုပ်ကြံ ဖန်တီးရေးသားထားတဲ့သတင်းအတုတွေကို သေချာစီစစ်ပြီးမှ ယုံကြည်ကြဖို့ ဖော်ပြပေးလိုက်ပါတယ်။

%d bloggers like this: