NLD လွှတ်တော်ကိုယ်စားလှယ်ကနေပြီး ကျောက်တော်နဲ့ ရန်ကုန်ကို မူဆလင်တွေ ခိုးသယ်လာတယ်လို့ ဖွထားတဲ့ သတင်းတုတစ်ခုဟာ ဖေ့ဘုတ်မှာ အတော်လေး ပြန့်နှံ့နေတာကို တွေးပြီးမှယုံက တွေ့ရပါတယ် သူငယ်ချင်းတို့ရေ။ တကယ်တော့ ဒီသတင်းဟာ ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ (၈) ရက်နေ့က ပုသိမ်ကနေ ရန်ကုန်ကို မောင်းနှင်လာတဲ့ကားပေါ်မှာ ရခိုင်က မူဆလင်ခုနှစ်ဦးကို ဖမ်းခဲ့တဲ့သတင်းဖြစ်ပြီးတော့ အခုဖြစ်နေတဲ့ ကိစ္စမဟုတ်ပါဘူး။ အဲဒီတုန်းက ဖြစ်စဉ်မှာလည်း NLD လွှတ်တော်ကိုယ်စားလှယ်က ပါဝင်ပတ်သက်ခြင်း မရှိပါဘူး။ ဒီဖြစ်စဉ်နဲ့ ပတ်သက်တဲ့ မူရင်းသတင်းကို ဖော်ပြထားပါတယ်။
ဒီသတင်းတုကို ကြည့်မယ်ဆိုရင် ကြားဖြတ်ရွေးကောက်ပွဲနဲ့ အချိန်ကိုက် သတင်းတု တွေလုပ်နေတယ်လို့ ယူဆလို့ရပါတယ်။ သူငယ်ချင်းတို့အနေနဲ့ ဒီကာလမှာ သတင်းဖတ်မယ်ဆိုရင် ဖေ့ဘုတ်မှာ တွေ့တိုင်း မယုံကြဖို့နဲ့ သတင်းဌာနကြီးတွေဆီက သတင်းတွေကိုသာ အဓိက အားထားဖို့ တွေးပြီးမှယုံက တိုက်တွန်းပါရစေ။ အကယ်၍ သူငယ်ချင်းတို့အနေနဲ့ သတင်းတစ်ခုခုကို ဖတ်မိလို့ အမှန်လား အမှားလား ဝေခွဲဖို့ ခက်နေမယ်ဆိုရင် တွေးပြီးမှယုံကို မက်ဆေ့ကနေ သတင်းကိုပေးပို့ပြီး စစ်ဆေးလို့ရပါတယ်နော်။
#တွေးပြီးမှယုံ