Home>>သတင်းအတုစစ်ဆေးခြင်း>>ဘာသာရေး>>ရွှေတိဂုံစေတော်မြတ်ကြီးနဲ့ ပတ်သက်သည့် သတင်းအတု
ဘာသာရေး

ရွှေတိဂုံစေတော်မြတ်ကြီးနဲ့ ပတ်သက်သည့် သတင်းအတု

ရွှေတိဂုံဘုရားနဲ့ပတ်သက်ပြီး သတင်းအမျိုးမျိုးကို အွန်လိုင်းပေါ်မှာ သူငယ်ချင်းတို့တွေ့မိနေကြမှာပါ။ အခုလည်း “ရွှေတိဂုံစေတီတော်မှ ခွာယူထားသော ရွှေစင်ပြားများအား ပြန်လည်သန့်စင်ကာ နေပြည်တော်ရှိ ထာဝရငြိမ်းချမ်းရေးစေတီတော်တွင် ကပ်လှူပူဇော်သွားမည်” ဆိုတဲ့ သတင်းအတုဟာ လူမှုကွန်ယက်မှာ တော်တော်လေးကို ပြန်နှံ့နေပါတယ်။
Untitled design (14)
ရွှေတိဂုံစေတီတော်မြတ်ကြီး ရွှေသင်္ကန်းတော် ကပ်လှူပူဇော်မည့်ကိစ္စနဲ့ ပတ်သတ်ပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန-သာသနာရေး သတင်းစာမျက်က ထုတ်ပြန်တဲ့ ကြေညာချက်တစ်ခုကို ဖော်ပြပေးလိုက် ပါတယ်။
(က) ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ကြာမှောက်၊ ကြာလန် မဲနေသည့်ဧရိယာမှ ရွှေစင်ပြားသင်္ကန်း ၁၀ ချပ် ခွာ၍ သယံဇာတနှင့် သဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ရွှေပန်းတိမ် ပညာရှင်များ၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ပညာရှင်များဖြင့် စစ်ဆေးရန်၊
(ခ) စေတီတော်ကြီးတစ်ဆူလုံးရှိ ရွှေပြားသင်္ကန်းတော်များအား မခွာရန်၊
(ဂ) ပြည်သူများနှင့် အလှူရှင်များက ရွှေသင်္ကန်းကပ်လှူခြင်းကို ရွှေစင်ရွှေပြားအစစ်ဖြင့်သာ ကပ်လှူလိုသဖြင့် ရွှေစင်ပြား(Gold coating) များဆက်လက်ဆောင်ရွက်ခြင်း မပြုရန်၊
(ဃ) ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ဌက်ပျော်ဖူးတော်အောက်ပိုင်း၊ ကြာရင့်၊ ကြာလန်၊ ရွဲ၊ ကြာနု၊ ကြာမှောက်၊ ဖောင်းရစ်(ဖောင်းလုံး)၊ ပန်းဆွဲ၊ သပိတ်မှောက်၊ ရင်စည်း(ခါးစည်း)၊ ခေါင်းလောင်း၊ ခေါင်းလောင်းနား၊ ကျည်းဝန်း(ကျည်းခွေ)၊ ရှစ်မြှောင့်အထိကို ရွှေပြားကြိတ်စက်ရုံမှ ထုတ်လုပ်သော ရွှေပြား(Gold Plate) များဖြင့် ရနိုင်သရွေ့ ကပ်လှူပူဇော်ရန်၊
(င) ရွှေပြာ(Gold Plate) ရွှေသင်္ကန်းတော်မကပ်နိုင်သည့် ဧရိယာများအား ရွှေမျက်ပါး/ရွှေဆိုင်း၊ ရွှေသင်္ကန်းတော်သာ ကပ်လှူပူဇော်ရန်။
Untitled design (15)
စသည့်အချက်များကိုဖော်ပြထားပါတယ်။ ဒါကြောင့် ရွှေတိဂုံဘုရားကြီးနဲ့ပတ်သက်တယ့်သတင်းတွေဆို တန်းမယုံပဲသေချာ တိုက်စစ်ပီးမှ ယုံဖို့ တွေးပီးမှယုံကနေ တိုက်တွန်းလိုက်ပါတယ်။ တခြားသူငယ်ချင်းတွေလဲ ရွှေတိဂုံစေတီ၏ သတင်းမှန်ကိုသိရှိဖို့ ပြန်လည်မျှဝေပေးကြပါဦးနော်။

#တွေးပြီးမှယုံ

%d bloggers like this: