Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>မိုင်းနင်းမိလို့ ခြေထောက်ဖြတ်လိုက်ရတဲ့ ညီမလေး ဆိုတဲ့ သတင်းတု
နိုင်ငံရေး

မိုင်းနင်းမိလို့ ခြေထောက်ဖြတ်လိုက်ရတဲ့ ညီမလေး ဆိုတဲ့ သတင်းတု

သူငယ်ချင်းတို့ရေ

ဒီတစ်ခါ ပြောချင်တဲ့အကြောင်းကတော့ Min Thant Pyone Cho အကောင့်ကနေ 14 September မှာတင်ထားတဲ့ သတင်းအကြောင်းပါ။ ဒီသတင်းကတော့ သူပုန်တွေထောင်တဲ့ မိုင်းကြောင့် ခြေထောက်ပြတ်သွားလို့ဆိုပြီး မိန်းကလေးပုံနဲ့တွဲပြီး တင်ထားတဲ့ သတင်းပဲ ဖြစ်ပါတယ်။ ဒီ post ကို Share သူတွေဟာ 1.8k တောင်ရှိနေပါပြီ။

F N 18.9

တကယ်တော့ ဒီပုံထဲကမိန်းကလေးဟာ မြန်မာပြည်က မဟုတ်ပါဘူး။ 2011 October 23 က ရှန်းဟိုင်းမြို့မှာ အထပ်မြင့် မိုးမျှော်တိုက်ကနေ မှန်နံရံပြိုကျပြီး ထိခိုက်သွားလို့ ခြေထောက်ဖြတ်လိုက်ရတဲ့ မိန်းကလေးပုံပဲ ဖြစ်ပါတယ်။ ဒါကို မြန်မာပြည်က တိုင်းရင်းသားလက်နက်ကိုင်တွေ ထောင်ထားတဲ့ မိုင်းကိုနင်းမိပြီး ခြေထောက်ပြတ်သွားတယ် ဆိုပြီး သတင်းတုရေးသားတာဟာ တိုင်ရင်းသားလက်နက်ကိုင်တွေကို ရည်ရွယ်ချက်ရှိရှိ ပုံဖျက်တိုက်ခိုက်တဲ့ သတင်းတုပဲ ဖြစ်ပါတယ် ။

သူငယ်ချင်းတို့အနေနဲ့ သတင်းတုဖန်တီးတဲ့ အကောင့်တွေကလာတဲ့ သတင်းတခုကို တွေ့ရင်လွယ်လွယ်နဲ့ မယုံဘဲ သတင်းတုဖြစ်၊ မဖြစ်ကို တိုက်ဆိုင်စစ်ဆေးပြီးမှ ယုံဖို့ကို တွေးပြီးမှယုံကနေ တိုက်တွန်းလိုက်ပါတယ်။ သတင်းတုစစ်ဆေးနည်းကိုလဲ တွေးပြီးမှယုံရဲ့ သတင်းဝဘ်ဆိုက်မှာ ဖော်ပြပေးထားပါတယ်နော်။

သတင်းတုဖန်တီးနေတဲ့ အကောင့်လင့်(ခ်)

သတင်းအမှန် လင့်ခ်

R N 18.9

 

%d bloggers like this: