Home>>သတင်းအတုစစ်ဆေးခြင်း>>စီးပွားရေး>>ကျပ်သိန်း ၁၀၀၀ နှင့် အထက် ငွေသွင်းငွေလွှဲပြုလုပ်မှုအား ကြိုတင်သတင်းမပို့ပါက ထောင်ဒဏ် ၇ နှစ်အထိ ကျခံရမယ်ဆိုတဲ့ သတင်းအမှား
စီးပွားရေး

ကျပ်သိန်း ၁၀၀၀ နှင့် အထက် ငွေသွင်းငွေလွှဲပြုလုပ်မှုအား ကြိုတင်သတင်းမပို့ပါက ထောင်ဒဏ် ၇ နှစ်အထိ ကျခံရမယ်ဆိုတဲ့ သတင်းအမှား

သူငယ်ချင်းတို့ရေ ဒေါ်လာဈေးတွေနဲ့ ရွှေဈေးတွေတက်ပြီး စီးပွားရေးကြပ်တည်းနေတဲ့အချိန်မှာ သတင်းအတုတွေနဲ့ ကောလဟာလတွေကလည်း အချိန်ကိုက် ထွက်ပေါ်နေပါတယ်။ အခု အွန်လိုင်းပေါ်မှာ ဟော့ပ်ဖြစ်နေတဲ့ ကျပ်သိန်း ၁၀၀၀ နှင့် အထက် ငွေသွင်းငွေလွှဲပြုလုပ်မှုအား ကြိုတင်သတင်းမပို့ပါက ထောင်ဒဏ် ၇ နှစ်အထိ ကျခံရမယ်ဆိုတဲ့ သတင်းဟာဆိုရင် တကယ်တော့ သြဂုတ်လ ၃၀၂၀၁၄ ခုနှစ်က The Ladies News က သတင်းအဟောင်းပါ။
1

ဒီသတင်းအဟောင်းကို အခုမှ ဖြစ်သယောင် ပြန်လည်ဖေါ်ပြထားကိုတွေ့ရပြီး Like လုပ်သူ (8k)နဲ့ share လုပ်သူ (7.5k) တောင် ရှိနေတာ တွေ့ရပါတယ်။ ဒီသတင်းကိုပဲ Lwin Pyin, D Khit Media, The News Today လို page တွေကလည်း တင်ထားပါတယ်။

3

မူရင်းသတင်းကို ဒီမှာ ကြည်ရှုနိုင်ပါတယ်။ သူငယ်ချင်းတို့အနေနဲ့ သတင်းအကြောင်းအရာ အားလုံးမှန်ကန်နေလည်း အချိန် နေ့ရက်တွေကို သတိထားဖို့ တွေးပြီးမှယုံက ဖော်ပြပေးလိုက်ပါတယ်။ အချိန်ကိုက် ထွက်လာတဲ့ ဖွသတင်းတွေကို တွေးပြီးမှယုံကြပါစို့။

%d bloggers like this: