Home>>သတင်းအတုစစ်ဆေးခြင်း>>တိုင်းရင်းသား>>TNLA လက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ရှမ်းအမျိုးသမီး နန်းမိုရ်ဟွမ် သေနတ် နှင့် ပစ်သတ်ကာ သေဒဏ်စီရင်ခဲ့တယ်ဆိုတဲ့ သတင်းအမှား
တိုင်းရင်းသားနိုင်ငံရေးလူမျိုးရေး

TNLA လက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ရှမ်းအမျိုးသမီး နန်းမိုရ်ဟွမ် သေနတ် နှင့် ပစ်သတ်ကာ သေဒဏ်စီရင်ခဲ့တယ်ဆိုတဲ့ သတင်းအမှား

သူငယ်ချင်းတို့ရေ TNLA လက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ရှမ်းအမျိုးသမီး နန်းမိုရ်ဟွမ် သေနတ် နှင့် ပစ်သတ်ကာ သေဒဏ်စီရင်ခဲ့တယ်ဆိုတဲ့ သတင်းအမှားနဲ့ ပတ်သက်ပြီး တွေးပြီးမှယုံက တွေ့ရှိချက်ကို ဖော်ပြပေးလိုက်ပါတယ်။

28.9.1

၁။ နန်းမိုဟွမ်ကို ၂၀၁၈ သြဂုတ်လ ၁၇ ရက်နေ့မှာ အပြစ်ပေးအရေးယူရန် ဖမ်းဆီးထိန်းသိမ်းခဲ့တာနဲ့ ပတ်သက်ပြီး စက်တင်ဘာ ၃ ရက်နေ့မှာ တရားဝင်သတင်းထုတ်ပြန်ထားတာရှိပါတယ်။
၂။ သေနတ်နှင့် ပစ်သတ်ပြီး သေဒဏ်ပေးခြင်းမရှိသလို၊ တရားဝင် အပြစ်ဒဏ်အမိန့် ချမှတ်ခြင်းလည်း မရှိသေးပါဘူး။

28.9 Real N

၃။ The Ladies News ကဖော်ပြထားတဲ့ နန်းမိုဟွမ် လုံခြုံစွာ ရှိနေဟု TNLA နဲ့ ဆက်သွယ်မေးမြန်းချက်ကို အောက်ပါလင့်ခ် မှာ ဖတ်ရှုနိုင်ပါတယ်။
၄။ သတင်းပါ မိန်းကလေး ဓာတ်ပုံဟာ စက်တင်ဘာ ၉ ၂၀၁၇ ရက်နေ့က တရုတ်ဝက်ဆိုက် တစ်ခုမှာ တင်ထားတဲ့ ဓာတ်ပုံတစ်ပုံပဲဖြစ်ပါတယ်။

28.9

ဒီလို သတင်းဓာတ်ပုံအမှားကို အသုံးပြုပြီး လူမှုအဝန်းအဝိုင်းအတွင်းမှာ နားလည်မှုလွဲစေဖို့ ရည်ရွယ်ချက်ရှိရှိ သတင်းအမှားတွေ ရေးသားဖြန့်ဝေနေကြတာကို သတိထားကြဖို့ အရေးကြီးပါတယ်။ သူငယ်ချင်းတို့အနေနဲ့ သတင်းအသစ်တစ်ခုခုကို တွေ့လို့ သံသယဖြစ်စရာကောင်းတယ်ဆိုရင် တွေးပြီးမှယုံကို ပေးပို့ပြီးတော့ စစ်ဆေးလို့ရပါတယ်နော်။

%d bloggers like this: