Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံတကာ>>ကာကွယ်ရေးဦးစီးချုပ်ကို တရုတ်မှာ LED ဘုတ်ထောင်ပြီး ဂုဏ်ပြုတဲ့ ဖွသတင်းတု
နိုင်ငံတကာနိုင်ငံရေး

ကာကွယ်ရေးဦးစီးချုပ်ကို တရုတ်မှာ LED ဘုတ်ထောင်ပြီး ဂုဏ်ပြုတဲ့ ဖွသတင်းတု

သူငယ်ချင်းတို့ရေ……
တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ မြန်မာနိုင်ငံက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ထောက်ခံတဲ့အနေနဲ့ CCTV 9 မှာ ၂၄နာရီတောင် ဂုဏ်ပြုတယ်ဆိုပြီး သတင်းတစ်ခုကို လူမှုကွန်ရက်စာမျက်နှာမှာဖြန့်ဝေနေတာကို တွေးပြီးမှယုံက တွေ့ရှိခဲ့ပါတယ်။ ဒီသတင်းမှားကို Like ပြုလုပ်သူ တစ်ထောင်ကျော်နဲ့ Share ပြုလုပ်သူ ၈၀၀ ကျော်အထိရှိနေပါပြီ။

ဒီသတင်းတုမှာ LED TVနဲ့ ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ပုံကို တရုတ်နိုင်ငံမှာ ၂၄နာရီထုတ်လွှင့်ပြသခဲ့ပြီး တရုတ်ပြည်သူလူထုအကြားကြည်ရှု့သူ သန်း၈၀၀ကျော်ခဲ့တယ်လို့ဆိုထားပြီး၊ တရုတ်ကနေ မြန်မာကို ကာကွယ်ရေးအသုံးစရိတ်အဖြစ် ဒေါ်လာသန်း၅၀၀ အနှစ်၂၀ အတိုးမဲ့ချေးမယ်လို့ ရေးသားထားပါတယ်။ ပိုစ့်မှာ ကာချုပ်မင်းအောင်လှိုင်ပုံကို LED Board နဲ့ ပြထားတဲ့ ပုံကို ထည့်သွင်းထားပြီး တရုတ်စာနဲ့ ရေးထားတဲ့ မူရင်းပိုစ့်ဆိုတာကိုလည်း ပြထားပါတယ်။

တွေးပြီးမှယုံကနေ ဒီသတင်းရင်းမြစ်နဲ့ ဓာတ်ပုံကို စစ်ဆေးလိုက်တဲ့အခါမှာတော့ အောက်ပါအချက်အလက်တွေကို တွေ့ရှိရပါတယ်။

1.10 RN

ပုံ(၁)မှာ ပြထားတဲ့ မူရင်းဓာတ်ပုံဟာ တရုတ်နိုင်ငံက LED Board ကြေငြာတစ်ခုဖြစ်နေတာကို တွေ့ရပါတယ်။ တွေးပြီးမှယုံအနေနဲ့ Billboard က မော်ဒယ်အမျိုးသမီးရဲ့ နေရာမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ပုံကို Photoshop ပြုလုပ်ထားတဲ့အချက်တွေကို စစ်ဆေးဖော်ပြထားပါတယ်။

မှင်နီနဲ့ ဝိုင်းထားတဲ့ ဓာတ်ပုံတွေကို တိုက်ဆိုင်ကြည့်ရှုလို့ရပါတယ်။

သတင်းရင်းမြစ်အနေနဲ့ ဖော်ပြထားတဲ့ Xingxing News တကယ်ရှိတဲ့ သတင်းဌာန မဟုတ်ပါဘူး
သတင်းအမှားပြုလုပ်တဲ့ သူတွေက ဖေ့ဘွတ်ခ်သုံးစွဲသူ ဘော်ဒါတွေ ယုံကြည်လာအောင်လို့ တရုတ်စာတွေ ထည့်သွင်းထားပေမယ့် Google Translate နဲ့ ပြန်ကြည့်တဲ့အခါမှာ ဒီတရုတ်စာတွေဟာ သတင်းနဲ့ မသက်ဆိုင်တဲ့ စာတွေသာ ဖြစ်နေပါတယ်။

.png

တကယ်တော့ ဒီသတင်းဟာ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ Amnesty Internationalက ပြုလုပ်တဲ့ မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို Wanted Campaign အပြီး နောက်တစ်ရက် အကြာ စက်တင်ဘာ ၂၆ရက်နေ့မှာပဲ အချိန်ကိုက် ဖြန့်တဲ့ ဖွသတင်းတု ဖြစ်ပါတယ်။ ဓာတ်ပုံတွေကို ဖိုတိုရှော့နဲ့ ပြင်ထားသလို၊ သတင်းနဲ့မသက်ဆိုင်တဲ့ ဘာသာစကားတစ်ခုခုကိုလည်း မူရင်းသတင်းရင်းမြစ်လိုလို လူတွေကို ဂျင်းထည့်ထားတာပါ။ ဒါကြောင့် သူငယ်ချင်းတို့အနေနဲ့ နောက်တခါများ ဒီလိုမျိုး မသင်္ကာစရာကောင်းတဲ့ သတင်းတွေကို တွေ့မယ်ဆိုလို့ရှိရင် တွေးပြီးမှယုံကို ပေးပို့စစ်ဆေးနိုင်သလို ကိုယ်တိုင်လည်း Google Image Search နဲ့ Google Translate တွေကို သုံးပြီး အတု အစစ်ကို ခွဲခြားစစ်ဆေးနိုင်ဖို့ တွေးပြီးမှယုံက တိုက်တွန်းလိုက်ပါတယ်။
(1)

%d bloggers like this: