Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>ရုပ်ရှင်ရုံထဲ အလေးမပြုတဲ့သူတွေကို ဖမ်းလိုက်ပြီဆိုတဲ့ အချိန်ကိုက်ပေါ်လာသော ဂျင်းသတင်း
နိုင်ငံရေး

ရုပ်ရှင်ရုံထဲ အလေးမပြုတဲ့သူတွေကို ဖမ်းလိုက်ပြီဆိုတဲ့ အချိန်ကိုက်ပေါ်လာသော ဂျင်းသတင်း

သူငယ်ချင်းတို့ရေ

ဒီတစ်ခါမှာတော့ ရုပ်ရှင်ရုံထဲမှာ နိုင်ငံတော်အလံအလေးမပြုတဲ့သူတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက် ပြီဆိုတဲ့သတင်းတုတစ်ခုကို သူငယ်ချင်းတို့မယုံမိအောင် တွေးပြီးမှယုံက ဖော်ထုတ်ပေးလိုက်ပါတယ်။
ဒီသတင်းတုဟာ Like ၅ထောင်ကျော်၊ comment ၁၅၀၀ကျော်နဲ့ Share ၅၇၀၀ကျော်ရှိနေပါပြီ။

FN 3.10.18

ဒီသတင်းတုမှာ အောက်တိုဘာ ၂ရက်ညက နာနာဘာ၀ ချစ်သူရုပ်ရှင်ဇာတ်ကားကြီးအထူးပွဲလာကြည့်ပြီး နိုင်ငံတော်အလံအလေးမပြုတဲ့ လူငယ် (၁၄) ဦးကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ၃နာရီအတွင်းရှာဖွေဖမ်းဆီး လိုက်တယ်လို့ဖော်ပြထားပါတယ်။
ဒီသတင်းတုမှာဖော်ပြထားတဲ့ ဓာတ်ပုံရော သတင်းပါ မှားယွင်းနေတာဖြစ်ပြီး တွေးပြီးမှယုံက တိုက်ဆိုင်စစ်ဆေး ထားတဲ့ တွေ့ရှိချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

– ဖော်ပြထားတဲ့ဓာတ်ပုံနှစ်ပုံအနက် တစ်ပုံက Mandalay Police (မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့)ရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာမှာဖော်ပြထားတဲ့ ဓာတ်ပုံဖြစ်ပါတယ်။ ဒီဓာတ်ပုံဟာ ပြည်ကြီးတံခွန်မြို့နယ်မှာ ဖမ်းဆီးခံရတဲ့ အနှိပ်ခန်းက အမျိုးသား ၊အမျိုးသမီးတွေရဲ့ဓာတ်ပုံဖြစ်ပါတယ်။သတင်းတုမှာဖော်ပြထားသလို ရုပ်ရှင်ရုံမှာ နိုင်ငံတော်အလံ အလေးမပြုလို့ ဖမ်းဆီးခံရတဲ့သူတွေရဲ့ဓာတ်ပုံ လုံးဝမဟုတ်ပါဘူး။

RN 3.10.18

ဒီသတင်းတုကို အောက်တိုဘာ၂ ရက်နေ့က ရန်ကုန်တိုင်းလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်ဦးမိုးမြင့်
ရဲ့ ရုပ်ရှင်လာကြည့်ရင်း နိုင်ငံတော်အလံအလေးမပြုသူတွေကိုအရေးယူဖို့အစီအစဉ်ရှိ၊ မရှိ မေးခွန်းမေးတဲ့ သတင်းနဲ့ ဆက်စပ်ပြီး အချိန်ကိုက် ပြုလုပ်လိုက်တာဖြစ်ပါတယ်။

သတင်းတုတွေကို သတင်းအစစ်ရဲ့ နောက်ဆက်တွဲ သတင်းပုံစံ နဲ့ ပြုလုပ်နေကြပါတယ်။ ဒါကြောင့်..သူငယ်ချင်းတို့အနေနဲ့ သတင်းအတု၊ အစစ်ခွဲခြားနိုင်ဖို့ တွေးပြီးမှယုံကို ပေးပို့စစ်ဆေးနိုင်သလို မသင်္ကာစရာကောင်းတဲ့သတင်းတွေဓာတ်ပုံ တွေ့လို့ သံသယရှိနေရင်လည်း Google Image သုံးပြီး စစ်ဆေးပေးကြဖို့ တွေးပြီးမှယုံက တိုက်တွန်းလိုက်ပါတယ်။

%d bloggers like this: