Home>>ဆောင်းပါး>>အချက်အလက် မှန်မမှန်စစ်ဆေးခြင်းကို ဓာတ်ပုံ နှင့် ဗီဒီယို နယ်ပယ်သို့ ချဲ့ထွင်ခြင်း
ဆောင်းပါးပညာပေး

အချက်အလက် မှန်မမှန်စစ်ဆေးခြင်းကို ဓာတ်ပုံ နှင့် ဗီဒီယို နယ်ပယ်သို့ ချဲ့ထွင်ခြင်း

Facebook ၏ တရားဝင် သတင်းစာမျက်နှာ ဖြစ်သော newsroom.fb.com အတွက် ထုတ်လုပ်မှုမန်နေဂျာ Antonia Woodford မှ ရေးသားထားသော ဆောင်းပါးအား ဆီလျှော်အောင် ဘာသာပြန်သည်။

ဖေ့(စ)ဘုတ်ပေါ်မှာ တိကျသေချာတဲ့ သတင်းအချက်အလက်တွေကို လူတွေမြင်ချင်ကြတာ ကျနော်တို့သိပါတယ်။ ဒါကြောင့်မို့ လွန်ခဲ့တဲ့ နှစ်နှစ်လုံးလုံး သတင်းမှားဖြန့်ချီမှု တိုက်ဖျက်တဲ့အလုပ်ကို ဦးစားပေးတစ်ခုအနေနဲ့ ထားခဲ့တာပါ။ ဒီသတင်းမှားဖြန့်ချီမှု လျှော့ချရေးအတွက် ကျနော်တို့ရဲ့ ခြေလှမ်းတွေ ထဲက တစ်ခုကတော့ သတင်းတုတွေကို သုံးသပ်ပြီး အချက်အလက်မှန်ကန်တိကျမှုကို အဆင့်သတ်မှတ်ပေးဖို့ ဘက်လိုက်မှုမရှိတဲ့ ပြင်ပ အဖွဲ့တွေက အချက်အလက်စစ်ဆေးရေးသမားတွေ နဲ့ ပူပေါင်း လုပ်တာပါပဲ။ ခုအချိန်အထိ ကျနော်တို့ရဲ့ အချက်အလက်စစ်ဆေးရေးလုပ်ဖော်ကိုင်ဖက်အများစုဟာ သတင်းဆောင်းပါးတွေသုံးသပ်တာကို အဓိကထားလုပ်ခဲ့ပါတယ်။

ဒါပေမဲ့ ကျနော်တို့အနေနဲ့ သတင်းမှားဖြန့်ချီမှုရဲ့ တခြားပုံစံတွေကို ကိုင်တွယ်နိုင်အောင် နည်းပညာသစ်နဲ့ မိတ်ဖွဲ့မှုအသစ်တွေ တည်ဆောက်ဖို့ကိုလည်း အားကျိုးမာန်တက် လုပ်နေခဲ့ပါတယ်။ ဒီကနေ့ဆိုရင် ကျနော်တို့ဟာ ဓါတ်ပုံနဲ့ ဗီဒီယိုတွေရဲ့ မှန်ကန်တိကျမှု စစ်ဆေးတာကို ကမ္ဘာတစ်ဝှမ်း နိုင်ငံပေါင်း (၁၇) နိုင်ငံက ကျနော်တို့ရဲ့ မိတ်ဖက် (၂၇)ဖွဲ့လုံးဆီ ပို့ပေးပြီး အချက်အလက်စစ်ဆေးရေး မိတ်ဖက်သစ်တွေဆီကိုလည်း ပုံမှန်တင်ပို့ပေးနေပါတယ်။ ဒါက နောက်ထပ် သတင်းမှားဖြန့်ဝေမှုတွေအပေါ် ပိုပြီး မြန်မြန်ဆန်ဆန်နဲ့ ခွဲခြားသတ်မှတ် အရေးယူဆောင်ရွက်နိုင်ဖို့ ကျနော်တို့ကို အထောက်အကူ ပေးပါလိမ့်မယ်။

ဒါက ဘယ်လို အလုပ်လုပ်တာလဲ။

သတင်းဆောင်းပါးတွေကို စစ်ဆေးတဲ့ ပုံစံမျိုးလိုပဲ မှားယွင်းနိုင်ခြေရှိတဲ့ သတင်းအချက်အလက်အကြောင်းအရာတွေကို ရှာဖွေသတ်မှတ်ဖို့ ဖေ့စ်ဘုတ်သုံးတဲ့သူတွေဆီက ရတဲ့ တုံ့ပြန်မှုတွေ အပါအဝင် အချက်ပြအမျိုးမျိုးကို ထည့်သွင်းအသုံးပြုတဲ့ စက်ကအလိုလျောက်လေ့လာတဲ့ ယန္တရား မော်ဒယ်တစ်ခုကို တည်ဆောက်ထားပါတယ်။ နောက်ပြီး ဒီဓါတ်ပုံတွေနဲ့ ဗီဒီယိုတွေကို အချက်အလက် စစ်ဆေးသူတွေက သုံးသပ်ကြည့်ရှုဖို့ ဒါမှမဟုတ် အချက်အလက်စစ်ဆေးသူတွေအနေနဲ့ သူတို့ကိုယ်ပိုင်ထင်မြင်ယူဆချက် အကြောင်းအရာကို တင်နိုင်ဖို့ ကျနော်တို့က ပို့ပေးတယ်။ ကျနော်တို့ရဲ့ ဘက်လိုက်မှုမရှိတဲ့ ပြင်ပ အဖွဲ့တွေက အချက်အလက်စစ်ဆေးသူ အများအပြားဟာ ဓါတ်ပုံနဲ့ ဗီဒီယိုတွေကို အကဲဖြတ်ရာမှာ ကျွမ်းကျင်မှု ရှိကြတယ်။ ပြီးတော့ သူတို့ဟာ Reverse Image Search (ဓာတ်ပုံကို တင်ပြီးအင်တာနက်ပေါ်မှာ ပြန်ရှာဖွေတဲ့) App ကို အသုံးပြုပြီး ပုံရိပ်အချက်အလက် စိစစ်တာလို၊ ဓါတ်ပုံ သို့မဟုတ် ဗီဒီယိုတစ်ခုကို ဘယ်တုန်းက ဘယ်မှာ ရိုက်ခဲ့သလဲလို့ အခြေခံအချက်လေ့လာတာလို အမြင်ဆိုင်ရာ အတည်ပြုသတ်မှတ်ရေး နည်းနာတွေကို သင်ယူတတ်မြောက်ထားကြတယ်။ အချက်အလက်စစ်ဆေးသူတွေဟာ ဓါတ်ပုံတစ်ပုံ သို့မဟုတ် ဗီဒီယိုတစ်ခုရဲ့ မှန်ကန်မှု သို့မဟုတ် မှားယွင်းမှုကို စစ်ဆေးဖို့ ဒီနည်းပညာတွေကို အခြားစာနယ်ဇင်း ပညာရပ်တွေဖြစ်တဲ့ ကျွမ်းကျင်သူတွေ၊ ပညာရှင်တွေ သို့မဟုတ် အစိုးရဌာနတွေဆီက သုတေသနပြုချက်တွေနဲ့ တိုက်ဆိုက်စစ်ဆေးမှုတွိနဲ့ ပေါင်းစပ်ပြီး စစ်ဆေးနိုင်ကြပါတယ်။

ကျနော်တို့အနေနဲ့ အချက်အလက်စစ်ဆေးသူတွေဆီကနေ ဓါတ်ပုံတွေ ဗီဒီယိုတွေနဲ့ ပတ်သက်လို့ အဆင့်သတ်မှတ်ချက်တွေ ပိုရရှိလာတာနဲ့အမျှ ကျနော်တို့ရဲ့ စက်ကအလိုလျောက်လေ့လာတဲ့ ယန္တရား မော်ဒယ်ဟာ တိကျသေချာမှု ပိုမိုတိုးတက်လာအောင် လုပ်နိုင်လာမှာ ဖြစ်တယ်။ ကျနော်တို့ဟာ မှားယွင်းတဲ့ (သို့မဟုတ်) အထင်အမြင်လွဲမှားအောင်လှည့်စားထားတဲ့ အကြောင်းအရာအချက်အလက်တွေကို ပိုကောင်းကောင်းမှတ်မိဖို့ တခြားနည်းပညာတွေကိုလည်း အရှိန်မြှင့်လုပ်ဆောင်နေတာပါ။ ဥပမာ-ကျနော်တို့ဟာ ဓါတ်ပုံတွေကနေ စာသားကိုထုတ်ယူတဲ့ (Optical Charater Recognition-OCR) နည်းပညာကို သုံးပြီး အချက်အလက်စစ်ဆေးသူတွေရဲ့ သတင်းဆောင်းပါးတွေက ခေါင်းစဉ်တွေနဲ့ တိုက်ဆိုင်ကြည့်ကြတယ်။ ပြီးတော့ ကျနော်တို့က ဓါတ်ပုံတစ်ပုံ သို့မဟုတ် ဗီဒီယို တစ်ခုဟာ ကပြောင်းကပြန်ခြယ်လှယ်ထားသလားဆိုတာကို စစ်ဆေးကြည့်ရှုဖို့ နည်းလမ်းသစ်တွေကို လည်း ရှာဖွေလုပ်ကိုင်နေပါတယ်။ ဒီနည်းပညာတွေက လိမ်ညာလှည့်ဖျားထားပုံရတဲ့ ဓါတ်ပုံတွေနဲ့ ဗီဒီယိုတွေကို ကိုင်တွယ်သုံးသပ်စိစစ်ဖို့ အချက်အလက်စစ်ဆေးသူတွေဆီပို့ပြီး ပိုင်းခြားသတ်မှတ်ရာမှာ ကျနော်တို့ကို အထောက်အကူ ပေးပါလိမ့်မယ်။ ဒီအလုပ်ကို ကျနော်တို့ ဘယ်လိုကိုင်တွယ်လုပ်ဆောင်သလိုဆိုတာ ပတ်သက်လို့ ပိုသိချင်ရင်တော့ News Feed ရဲ့ ထုတ်လုပ်မှုမန်နေဂျာ တက်ဆာ လီယွန်(စ)နဲ့ အင်တာဗျူး မှာ ကြည့်ပါ။

အစစ်အမှန်မဟုတ်တဲ့ ဓါတ်ပုံတွေနဲ့ ဗီဒီယိုတွေကို ကျနော်တို့ ဘယ်လို အမျိုးအစားခွဲမလဲ။

မတ်လကတည်းက သုတေသနတွေနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့အတူပေါင်းတဲ့ စမ်းသပ်စစ်ဆေးမှုတွေကို လပေါင်းများစွာ ပြုလုပ်ခဲ့ပြီးတဲ့နောက် သိလိုက်ရတာက သတင်းတုတွေက ဓါတ်ပုံတွေနဲ့ ဗီဒီယိုတွေကို အခြေခံအားဖြင့် နည်းအမျိုးအစား (၃) မျိုး ခွဲခြားနိုင်ပါတယ်။  (၁) ပြုပြင်ပြောင်းလဲ လိမ်ညာလုပ်ကြံဖန်တီးထားတဲ့နည်း (၂) အဆက်အစပ် မရှိတဲ့ ပုံတွေကို စုထားတဲ့ နည်း (၃) မဆိုင်တဲ့ / မှားတဲ့ စာသား (သို့မဟုတ်) အသံထည့်တဲ့နည်း ဖြစ်ပါတယ်။ ဒါတွေဟာ ဖေ့စ်ဘုတ်ပေါ်မှာ ကျနော်တို့ မြင်တွေ့နေရတဲ့ အစစ်အမှန်မဟုတ်တဲ့ ဓါတ်ပုံနဲ့ဗီဒီယို အမျိုးအစားတွေ ဖြစ်ပါတယ်။ ဒီတော့ ဓါတ်ပုံနဲ့ ဗီဒီယိုအချက်အလက်စစ်ဆေးမှု နည်းပညာတွေ ကျယ်ပြန့်ချဲ့ထွင်လာနိုင်တာနဲ့အမျှ ဒါတွေ ပိုလျောကျလာ့ဖို့ ကျနော်တို့ မျှော်လင့်ပါတယ်။

Untitled-design-5.png
(အချက်အလက်စစ်ဆေးသူတွေက မဟုတ်မမှန်တာတွေကို ဖွင့်ချလိုက်တဲ့ ဒီနမူနာတွေနဲ့ ပတ်သက်တဲ့ နောက်ထပ်အသေးစိတ်အချက်အလက်တွေကို ကြည့်နိုင်သည့် သတင်းဆောင်းပါးများ – တိရစ္ဆာန်နိုင်ငံရေး ၊ AFP, France 24, and Boom Live)

ဓါတ်ပုံတွေ၊ ဗီဒီယိုတွေနဲ့ ပတ်သက်လို့ ဘာများ ကွဲပြားခြားနားနေပါသလဲ။

လူတွေဟာ နေ့စဉ်နေ့တိုင်း ဖေ့(စ)ဘုတ်ပေါ်မှာ ဓါတ်ပုံနဲ့ ဗီဒီယို သန်းပေါင်းများစွာကို ဝေမျှနေကြပါတယ်။ ဒီလိုဝေမျှတာဟာ အထူးသဖြင့် ဖေ့(စ)ဘုတ်ရဲ့ စက္ခုအာရုံဖမ်းစားမှုကြောင့် ဖြစ်ပါတယ်။ ဒီကနေ မကောင်းတဲ့လူတွေချယ်လှယ်ဖို့အတွက် လွယ်ကူတဲ့ အခွင့်အလမ်းတစ်ခုကိုလည်း ဖန်တီးပေးနေတယ်လို့ ဆိုပါတယ်။ ကမ္ဘာတစ်ဝှမ်းက သူတွေနဲ့ သုတေသနပြုပြီးနောက် ကြည့်လိုက်တဲ့အခါ သတင်းမှားတွေဟာ မတူတဲ့ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ တစ်နိုင်ငံနဲ့တစ်နိုင်ငံ မတူဘဲ ပျံ့နေတာ ကျနော်တို့ သိပါတယ်။ ဥပမာအနေနဲ့ အမေရိကန်ပြည်ထောင်စုမှာဆိုရင် သတင်းဆောင်းပါးတွေထဲမှာ သတင်းမှား ဖြန့်ချီမှုတွေ ပိုတွေ့လာရတယ်လို့ လူတွေက ပြောတယ်။ အင်ဒိုနီးရှား ကျတော့ အထင်အမြင်လွဲမှားအောင် ဖန်တီးထားတဲ့ ဓါတ်ပုံတွေကို ပိုတွေ့ရပါသတဲ့။ ဘာပဲဖြစ်ဖြစ် အမျိုးအစားတွေက မကွဲပြားပါဘူး။ အလိမ်အလှည့်တစ်ခုဟာ ကွဲပြားတဲ့အကြောင်းအရာပုံစံတွေနဲ့ အနှံ့အပြား ခရီးသွားနိုင်တာပါပဲ။ ဒါကြောင့် သတင်းဆောင်းပါးတွေ၊ ဓါတ်ပုံတွေနဲ့ ဗီဒီယိုတွေထဲက သတင်းအမှားဖြန့်ချီမှုတွေကို ခုခံကာကွယ်မှုပြုလုပ်ဖို့ရာဟာ အရေးကြီးပါတယ်။

Untitled-design-6.png
နောင်မှာ ဘာဖြစ်မလဲ။

မကောင်းတဲ့ လူတွေ သုံးတဲ့ နည်းနာတွေက အမြဲလို ပြောင်းလဲနေတာမို့ မမှန်သတင်းတွေကို တိုက်ဖျက်ရတာဟာ ရေရှည်နှစ်မြှုပ်လုပ်ရမယ့် အလုပ်တစ်ခုဆိုတာ ကျနော်တို့ သိပါတယ်။ ရေတိုမှာ ကျနော်တို့ အရေးယူဆောင်ရွက်နေဖို့လိုသလို ကျနော်တို့အနေနဲ့ နောက်ထပ်နည်းပညာသစ်တွေနဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေအတွက် ဆက်လက်ရင်းနှီးမြှုပ်နှံဖို့လည်း လုပ်ကြရမှာပါ။ ဒါမှသာ အနာဂတ်ကာလမှာ ကျနော်တို့အနေနဲ့ သတင်းမှားဖြန့်ချီမှု ပုံစံသစ်တွေ ရှေ့မှာ လက်ဦးနိုင်မှာ ဖြစ်ပါတယ်။ သတင်းမှား ဖြန့်ချီမှုကို တိုက်ဖျက်ဖို့ ကျနော်တို့ရဲ့ တိုက်ပွဲနဲ့ ပတ်သက်လို့ ပိုပြီးသိရအောင် (Facing Facts) မှာ ကြည့်ပါ။

%d bloggers like this: