Home>>သတင်းအတုစစ်ဆေးခြင်း>>စီးပွားရေး>>လူတွေအများအပြားဝိုင်း Share နေကြတဲ့ ကျောက်ဖြူမှာ Gas ပိုက်လိုင်းပေါက်တယ်ဆိုတဲ့ သတင်းတု
စီးပွားရေး

လူတွေအများအပြားဝိုင်း Share နေကြတဲ့ ကျောက်ဖြူမှာ Gas ပိုက်လိုင်းပေါက်တယ်ဆိုတဲ့ သတင်းတု

သူငယ်ချင်းတို့ရေ….
ကျောက်ဖြူမှာ ဂတ်စ်ပိုင်းလိုင်းပေါက်တယ်ဆိုတဲ့ သတင်းတု တစ်ခုကို လူတွေအများအပြားFacebook မှာ ဝိုင်း Share လုပ်နေကြလို့ ဒီသတင်းဟာ ဂျင်းသတင်းဖြစ်ကြောင်း တွေးပြီးမှယုံက ဖော်ထုတ်ပေးလိုက်ရပါတယ်။
ဒီသတင်းတု၊ဓာတ်ပုံတုကို မူရင်းပို့စ်မှာတင် Share ပြုလုပ်သူ ၄၂၀၀ကျော်အထိရှိနေပါတယ်။ဒါ့အပြင် ဓာတ်ပုံနဲ့စာသားကိုကူးယူပြီး ပြန်လည်တင်နေကြသူတွေလည်း ရာချီရှိနေတာကိုတွေးပြီးမှယုံက တွေ့ရပါတယ်။ ဒါ့ကြောင့်သူငယ်ချင်းတို့ ဒီလိုသတင်းတုတွေကို မယုံမိစေဖို့တွေးပြီးမှယုံကတင်ပြလိုက်ပါတယ်။

Untitled design (1)
(၁) ဒီသတင်းဓာတ်ပုံဟာ ၂၀၁၈ခုနှစ်၊မတ်လ ၃ ရက်နေ့တုန်းက အင်ဒိုနီးရှားနိုင်ငံမှာဖြစ်တဲ့ ဓာတ်ဆီယိုစိမ့်ပေါက်ကွဲမှုဓာတ်ပုံပဲဖြစ်ပါတယ်။
(၂)သတင်းတုတင်သူဟာ ဧပြီ ၆ရက်နေ့က တင်ခဲ့တာဖြစ်ပြီး လက်ရှိ(အောက်တိုဘာ ၁၃ရက်နေ့)မှာမှ ဒီသတင်းတုဟာ ပြန်လည်ပြန့်နှံ့လာခဲ့တာကိုတွေ့ရပါတယ်။
သူငယ်ချင်းတို့ရေ.. သတင်းတုတွေဟာ Facebook လို လူသုံးများတဲ့ လူမှုကွန်ယက်တွေမှာ နေ့တိုင်း၊အချိန်တိုင်းပြန့်နှံ့နေပါတယ်။ တွေးပြီးမှယုံက ဒီလိုသတင်းတု၊ဓာတ်ပုံတုတွေကို တွေ့တွေ့ချင်း အချက်အလက်စစ်ဆေးပြီးသတင်းတုဖြစ် ကြောင်း သူငယ်ချင်းတို့ကို ပြောပြပေးနေပါတယ်။ သူငယ်ချင်းတို့အနေနဲ့လည်း မသင်္ကာစရာကောင်းတဲ့သတင်း တွေ၊ဓာတ်ပုံတွေကို တွေးပြီးမှယုံကို ပေးပို့စစ်ဆေးလို့ရပြီး ကိုယ်တိုင်လည်း Google Image မှာ တိုက်ဆိုင်စစ်ဆေးလို့ရပါတယ်။

%d bloggers like this: