Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံတကာ>>မလေးရှားမှာ ဘုန်းကြီးကို ဘာသာခြားက ရိုက်တယ်ဆိုပြီး လူမျိုးရေး ဘာသာရေး ဆူပူအောင်လှုံ့ဆော်နေတဲ့ ဖွသတင်း
နိုင်ငံတကာဘာသာရေးလူမျိုးရေး

မလေးရှားမှာ ဘုန်းကြီးကို ဘာသာခြားက ရိုက်တယ်ဆိုပြီး လူမျိုးရေး ဘာသာရေး ဆူပူအောင်လှုံ့ဆော်နေတဲ့ ဖွသတင်း

သူငယ်ချင်းတို့ရေ….

ဒီတစ်ခါမှာလည်း မလေးရှားနိုင်ငံ အီပိုမြို့၊ မင်္ဂလာရာမဘုန်းကြီးကျောင်းမှာ ရခိုင်ပြည်က ကုလားတွေက ကျောင်းထိုင်ဆရာတော်ကို လာရိုက်တယ်ဆိုပြီး လူမျိုးရေး၊ ဘာသာရေး ဆူပူအောင်လှုံ့ဆော်နေတဲ့ဖွသတင်းတစ်ခုကို
Facebook လူမှုကွန်ရက်မှာဖြန့်ဝေနေကြလို့ တွေးပြီးမှယုံက ဖော်ထုတ်ပေးလိုက်ပါတယ်။
ဒီဖွသတင်းဟာ Like ၂၅၀၀ကျော်နဲ့ Comment ၇၇၀ကျော်၊ Share ၇၁၀၀ကျော် အထိရှိလာပြီဖြစ်လို့(အောက်တိုဘာ ၁၆ ရက်နေ့ ည၁၀နာရီ ၃၈မိနစ်အချိန်အထိ)သူငယ်ချင်းတို့မယုံကြည်မိအောင် တွေးပြီးမှယုံက သတိပေးလိုက်ပါရစေ။

Untitled design (1)

(၁) ဒီဖွသတင်းကို တင်သူဟာ စစ်စံစိုးဆိုတဲ့အကောင့်ပိုင်ရှင်ဖြစ်ပြီး တွေးပြီးမှယုံက လေ့လာကြည့်သမျှတော့
ဒီအကောင့်ပိုင်ရှင်ဟာလူမျိုးရေး၊ ဘာသာရေးအခြေပြု အမုန်းစကားဖြန့်ဝေတဲ့ပို့စ်တွေအမြဲတင်နေတာကိုတွေ့ရပါတယ်။
(၂)ဒီသတင်းနဲ့ဆက်စပ်ပြီး Thet Tun Naing ဆိုတဲ့ အကောင့်ပိုင်ရှင်ကလည်း ဒီသတင်းဟာ သတင်းမှားဖြစ်ကြောင်း၊ ဘုန်းကြီးကျောင်းမှာ တည်းခိုနေတဲ့ ရခိုင်ပြည်နယ်၊ မင်းပြားမြို့မှာ နေထိုင်တဲ့လူတစ်ဦးက ဘုန်းကြီးကို ရိုက်ပြီး မလေးရှားရင်းဂစ်ငွေတွေနဲ့ ဖုန်းကိုခိုးသွားတယ်လို့ဆိုထားပါတယ်။ ဒါ့အပြင် သူက အီပိုမြို့ ပရဟိတအသင်းတွေနဲ့ အရိုက်ခံရတဲ့ဆရာတော်ကိုပါ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ဆိုပြီး သူ့ရဲ့ပို့စ်မှာ ဖုန်းနံပါတ်ကိုပါ ရေးတင်ထားတာကိုတွေ့ရ ပါတယ်။ ဒါ့အပြင် ငွေတွေခိုးယူပြီးရိုက်နှက်သွားသူလို့ ယူဆရတဲ့ သူတစ်ဦးကို ဖမ်းဆီးထားတဲ့ ဗီဒီယိုဖိုင်ကိုလည်းတင်ထား တာကိုတွေ့ရပါတယ်။

download (6)

(၃) ဒီသတင်းဟာ သတင်းတု၊ သတင်းမှားဆိုတာထက် ထွက်ပေါ်လာတဲ့သတင်းနောက်ကိုလိုက်ပြီး လူမျိုးရေး၊ ဘာသာရေး ဆူပူအောင်လှုံ့ဆော်ထားတဲ့ဖွသတင်းဖြစ်ပါတယ်။
(၄)အမှန်/အမှားသဲသဲကွဲကွဲမသိရသေးခင်အချိန်မှာ ဒီသတင်းကို တရားဝင်သတင်းဌာနတွေက ဆက်သွယ်မေးမြန်းပြီး ပြည့်ပြည့်စုံစုံ မေးမြန်းရေးသားထားတာကိုပဲ သူငယ်ချင်းတို့ဆက်လက်စောင့်ကြည့်ပေးဖို့လိုပါလိမ့်မယ်။

ဒီလို လူမျိုးရေး၊ ဘာသာရေးအကဲဆတ်တဲ့ဖွသတင်းတွေ ကြုံလာရပြီဆိုရင် သူငယ်ချင်းတို့အနေနဲ့ Share ခလုတ်ကို လွယ်လွယ်မနှိပ်မိစေပဲ မShare ခင် ကြိုတင်စဉ်းစားသုံးသပ်ဖို့လိုပါတယ်။ အရေးအကြီးအဆုံးကတော့ တရားဝင်သတင်း ဌာနနှစ်ခု(ဒါမှမဟုတ်)သုံးခုလောက်က ရေးထားတဲ့သတင်းကို စောင့်ဖတ်ကြဖို့လိုပြီး အဲဒီအခါကျမှသာ Share နှိပ်ပေးဖို့ တွေးပြီးမှယုံက အကြံပြုလိုက်ပါရစေနော်။

%d bloggers like this: