သူငယ်ချင်းတို့ရေ….
ရခိုင်ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး နှုတ်ထွက်စာတင်တော့မယ်ဆိုတဲ့ ဖွသတင်းတစ်ခုကို Facebook မှာလူတွေဝိုင်း Share နေကြလို့ ဒီသတင်းဟာ ဖွသတင်းတစ်ခုဖြစ်ကြောင်း တွေးပြီးမှယုံက ဖော်ထုတ်လိုက်ပါတယ်။
ဒီဖွသတင်းကို Like လုပ်တဲ့သူ ၄၄၀ကျော်၊ Comment ရေးသူ ၁၀၀ကျော်နဲ့ Share လုပ်တဲ့သူက ၈၅၀ကျော်အထိရှိလာပါပြီ။
ဒီသတင်းတုမှာ ဦးတင်မောင်ဆွေက ရခိုင်ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ရာထူးကနေနှုတ်ထွက်စာတင်ပြီး
ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်တဲ့ကိစ္စကိုသက်သေအထောက်အထားတွေနဲ့ ကမ္ဘာကိုတင်ပြမယ်လို့ဖော်ပြထားပါတယ်။အင်တာဗျူးမေးမြန်းပြီးရေးသားထားသလိုအသွင်သဏ္ဍန်ယူရေးသား ထားတာတွေ့ရပြီး ဦးတင်မောင်ဆွေရဲ့ဓာတ်ပုံကိုပါ သတင်းတုကဖော်ပြထားပါတယ်။
(၁) တကယ်တော့ ဦးတင်မောင်ဆွေဟာ ၂၀၁၈ခုနှစ် ဇွန်လ တတိယပတ်ကတည်းက ရခိုင်ပြည်နယ်
အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ရခိုင်ပြည်နယ် အုပ်ချုပ်ရေးမှူး ရာထူးကနေ စစ်ကိုင်းတိုင်းဒေသကြီး အထွေထွေ
အုပ်ချုပ်ရေးဦးစီးဌာနရုံးမှာ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူးအဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်နေတာ
ဖြစ်ပါတယ်။
(၂)သတင်းတုတင်တဲ့ James Hla Kyaw ဆိုတဲ့ Account ဟာ လူမျိုးရေး၊ ဘာသာရေးသတင်းတွေကို
လှုံ့ဆော်ရေးသားမှုတွေပြုလုပ်နေတာကိုတွေ့ရပါတယ်။
သူငယ်ချင်းတို့အနေနဲ့ ဒီလိုသတင်းတုတွေကို တွေ့ပြီဆိုရင် အလွယ်တကူ Share ခလုတ်မနှိပ်မိစေပဲ.
ဒီသတင်းဟာ အစစ်လား၊ အတုလားခွဲခြားပေးဖို့ တရားဝင်သတင်းဌာနတွေက ဒီသတင်းကို တင်၊မတင်
ဆန်းစစ်ပေးဖို့လိုပါလိမ့်မယ်။ သတင်းဌာနတွေကတင်ပြီ ဖော်ပြပြီဆိုမှ ယုံကြည်ပေးဖို့လိုပါတယ်။ ဒါ့အပြင်
ဒီလိုမသင်္ကာစရာသတင်းတုတင်သူရဲ့ အကောင့်ကိုသွားရောက်လေ့လာပြီး သူဟာ ဘယ်လိုသတင်း
မျိုးတွေကို ဘယ်လိုရည်ရွယ်ချက်မျိုးတွေနဲ့ တင်နေသူဖြစ်တယ်ဆိုတာ သုံးသပ်ပေးဖို့လည်းလိုပါတယ်။
ဒါပေမယ့် အဲဒီလိုစစ်ဆေးတာတွေ၊ သုံးသပ်တာတွေ လုပ်ဖို့အချိန်မရှိဘူး။ မလုပ်လိုဘူးဆိုရင်တော့..
Share ခလုတ်ကို မနှိပ်မိခင်မှာ အဲဒီသတင်းတွေရဲ့ Link ကို Copy ယူပြီး တွေးပြီးမှယုံကို ပေးပို့စစ်ဆေး
ဖို့အကြံပြုလိုက်ပါတယ်။