Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>ဖိုတိုရှော့အသုံးပြုပြီး ဖန်တီးထားသော ဓာတ်ပုံများ
နိုင်ငံရေး

ဖိုတိုရှော့အသုံးပြုပြီး ဖန်တီးထားသော ဓာတ်ပုံများ

သူငယ်ချင်းတို့ရေ….
ဒီတစ်ခါမှာတော့ ဓာတ်ပုံအတုတွေအသုံးပြုပြီး ရေးသားထားတဲ့ သတင်းပုံစံမျိုးတွေအကြောင်းတွေးပြီးမှယုံက ဖော်ထုတ်ပေးသွားပါမယ်။ သတင်းတုပြုလုပ်သူတွေဟာ ဓာတ်ပုံတွေကို photoshop ဆော့ဖ်ဝဲလ်အသုံးပြုပြီး လက်ရာ ကျွမ်းကျင်ရင် ကျွမ်းကျင်သလောက် ဓာတ်ပုံတွေဟာအသက်ဝင်တတ်ပါတယ်။ ဒီအသက်ဝင်လာတဲ့ဓာတ်ပုံအတုတွေကပဲသူငယ်ချင်းတို့ကို သတင်းအတုလား၊ အစစ်လား ထင်ယောင်ထင်မှားဖြစ်စေတတ်တာကြောင့် ဓာတ်ပုံအတုနှစ်ခုကို ဥပမာပေးပြီး တွေးပြီးမှယုံက တင်ပြပေးပါမယ်။
(၁) အမေစုကို ယုံကြည်ကြသူများဆိုတဲ့ facebook group တစ်ခုထဲမှာ photoshop အသုံးပြုပြီး တင်ထားတဲ့ ဓာတ်ပုံဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက်မှာ ကချင်ပြည်နယ်အတွက် ရောက်လာတဲ့ရထားတွေလို့ ရေးသားထားပြီး တွေးပြီးမှယုံက Google Image နဲ့တိုက်ဆိုင်စစ်ဆေးလိုက်တဲ့အခါမှာ အဲဒီရထားဟာအင်္ဂလန်နိုင်ငံ ပို့စ်မောက်မြို့ကနေ လန်ဒန်ကို
ပြေးဆွဲတဲ့ရထားဆိုတာ သိရပါတယ်။အဲဒီရထားပို့စ်ကို share ပြုလုပ်တဲ့သူဟာ ၁၅၀၀ကျော်အထိရှိနေပါပြီ။

Untitled design (7)

(၂) ကချင်မြေကိုချစ်တဲ့သူများ group ထဲမှာ တင်ထားတဲ့ဓာတ်ပုံဖြစ်ပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာICC ကိုကာကွယ်ဖို့ အောက်လမ်းနည်းသုံးတယ်ဆိုပြီး ရေးထားတဲ့ ပို့စ်ဖြစ်ပါတယ်။ Photoshop ပြုလုပ်ထားတဲ့ အရိုးခေါင်းနေရာမှာ စေတီတစ်ဆူဖြစ်ဖို့များပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တက်ရောက်ဖူးမျှော်တာမျိုး၊ စိန်ဖူးတော်တင်တာမျိုး လုပ်တဲ့ဓာတ်ပုံ
ဖြစ်နိုင်ပါတယ်။ အဲဒီပို့စ်ကိုလည်း Share တဲ့သူ ၂၀၀ကျော်အထိရှိနေပါတယ်။

Untitled design (6)
သူငယ်ချင်းတို့ရေ…
ဒီလိုဓာတ်ပုံအတုတွေ၊သတင်းအတုတွေဟာ နေ့စဉ်နဲ့အမျှ facebook ပေါ်မှာပျံ့နှံ့နေတာဖြစ်ပါတယ်။ တွေးပြီးမှယုံက တွေ့ရှိထားတဲ့အချက်အလက်တွေအရ သတင်းအတု၊ ဓာတ်ပုံအတုတွေကို နိုင်ငံရေးအရ ပြုလုပ်နေကြတာဖြစ်ပြီး ဒီလိုဝါဒဖြန့်ချိရေးယန္တရားထဲမှာ သူငယ်ချင်းတို့ မျောပါမသွားစေဖို့ မသင်္ကာစရာကောင်းတဲ့သတင်းတုတွေ၊ဓာတ်ပုံတုတွေကို တွေးပြီးမှယုံကို ပေးပို့စစ်ဆေးလို့ရသလို ကိုယ်တိုင်လည်း Google Image Search နဲ့တိုက်ဆိုင်စစ်ဆေးပြီးမှ ယုံသင့်/မယုံသင့် ဆုံးဖြတ်ပေးကြဖို့
တိုက်တွန်းလိုက်ပါတယ်။

%d bloggers like this: