Home>>သတင်းအတုစစ်ဆေးခြင်း>>ဘာသာရေး>>အစ္စလာမ်ဘာသာဝင်များက ISIS တွေ ထောက်ခံကြောင်းဆန္ဒပြတယ်ဆိုတဲ့ သတင်းအမှား
ဘာသာရေးလူမျိုးရေး

အစ္စလာမ်ဘာသာဝင်များက ISIS တွေ ထောက်ခံကြောင်းဆန္ဒပြတယ်ဆိုတဲ့ သတင်းအမှား

သူငယ်ချင်းတို့ရေ

သတင်းအတုတွေက ရည်ရွယ်ချက်အမျိုးမျိုး ပုံသဏ္ဍန်အမျိုးမျိုးနဲ့ အချိန်နဲ့အမျှပျံ့နံ့နေတာဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှာလည်း ဘာသာရေးလူမျိုးရေး ပဋိပက္ခဖြစ်အောင် ဆူပူလှုံ့ဆော်ထားတဲ့ သတင်းမှားတစ်ပုဒ်ကို တွေးပြီးမှယုံက ဖော်ထုတ်ပေးလိုက်ပါတယ်။
ပြည်မြို့က အစ္စလမ်ဘာသာဝင်တွေက ISIS ကိုထောက်ခံပြီး ARSA ကိုလည်းတရားဝင်အဖွဲ့ ဖြစ်စေချင်လို့ ဆန္ဒပြနေတယ်ဆိုပြီး လူစုလူဝေးဓာတ်ပုံတွေတင်ပြီး သတင်းအမှားက လူတွေကိုဂျင်းထည့်ထားပါတယ် ဒီသတင်းမှားကို Share ပြုလုပ်တဲ့သူက ၃၀၀ကျော်နေပါပြီ။

Untitled design (14)

(၁) ရှီအိုက် မွတ်စလင် ဘာသာဝင်တွေက သူတို့ရဲ့ဓလေ့ရိုးရာထုံးစံအတိုင်း ပြည်မြို့မှာ မီးနင်းပွဲလုပ်ကြတာဖြစ်ပါတယ်။ ဒီသတင်းအမှန်ကို ၃၀ အောက်တိုဘာ ၂၀၁၈ မှာ DVB သတင်းဌာနကလည်းတင်ဆက်ပေးထားပါတယ်။

Untitled design (13)

(၂) သတင်းအမှားပြုလုပ်သူတွေဟာ ဘာသာရေးလူမျိုးရေး ပဋိပက္ခဖြစ်အောင် ဝါဒဖြန့်ချိမှုတွေ၊ အမုန်းစကားတွေနဲ့ အမြဲတစေသွေးထိုးလှုံဆော်လေ့ရှိပါတယ်။ ဘာသာရေး လူမျိုးရေး ပဋိပက္ခတွေဟာ သတင်းမှားပြုလုပ်သူတွေလှုံ့ဆော်သလို လိုင်းပေါ်မှာ ဖြစ်တာမဟုတ်ပါဘူး။ လမ်းပေါ်မှာဖြစ်တာပါ။

သူငယ်ချင်းတို့ရေ

အခု ဒီသတင်းကိုရေးနေတုန်းမှာတင် သတင်းမှားတွေ၊ သွေးထိုးလှုံ့ဆော်တဲ့သတင်းတွေ၊ အမုန်းစကားတွေက ပျံ့နှံ့နေတာပါ။ ကျွန်တော်တို့ တွေးပြီးမှယုံကလည်း စက်ရုပ်တွေမဟုတ်တာကြောင့် ဒီသတင်းမှားတိုင်းကို အမြဲစောင့်ကြည့်နေဖို့ခက်ခဲပါတယ်။ ဒါကြောင့်သူငယ်ချင်းတို့အနေနဲ့ မသင်္ကာစရာ သံသယဖြစ်စရာ သတင်းတွေတွေ့လာရင် တွေးပြီးမှယုံကို ပေးပို့စစ်ဆေးပေးကြဖို့တောင်းဆိုပါတယ်။

%d bloggers like this: