Home>>ပညာပေး>>Facebook သုံးရင်း…အချိန်ဘယ်လောက် ကုန်နေပြီလဲ
ပညာပေး

Facebook သုံးရင်း…အချိန်ဘယ်လောက် ကုန်နေပြီလဲ

သူငယ်ချင်းတို့ရေ…

Facebook က Your Time on Facebook ဆိုတဲ့ setting တစ်ခုကို ထည့်ပေးလိုက်ပြီဆိုတဲ့အကြောင်းပြော ပြချင်ပါတယ်။အဲဒီ setting ရဲ့ အဓိကလုပ်ငန်းကတော့ Facebook ကို ကိုယ်အချိန်ဘယ်လောက်အသုံးပြုတယ်
ဆိုတာမှတ်တမ်းတင်ပေးတာ၊ သတိပေးတာပဲဖြစ်ပါတယ်။ Setting ကို ဘယ်လို အသုံးပြုရတယ်ဆိုတဲ့ Record Video လေးပါ ဖော်ပြပေးထားပါတယ်။ နာရီ Alarm ပေးသလိုပဲ ကိုယ့်ရဲ့ Facebook အသုံးပြုမှုအချိန်ကို Alarm ပေးလို့ရပါတယ်။

စမ်းသုံးကြည့်ရသလောက်ကတော့ ဒီSetting ဟာ Facebook တကယ်သုံးတဲ့အချိန် (ဖုန်းမှာဆိုလည်း ပွတ်နေတဲ့အချိန်၊ကွန်ပျူတာမှာဆိုလည်း Scroll up and Down လုပ်နေတဲ့အချိန်ကိုသာ မှတ်ယူတာဖြစ်ပြီး Mobile Data (သို့မဟုတ်) Wifi ဖွင့်ထားတဲ့ကာလ၊တခြား app တွေသုံးနေတဲ့ကာလ စတဲ့အချိန်တွေကို တွက်ယူမှာမဟုတ်ပါဘူး။၂နာရီ Alarm ပေးထားပြီး Facebook တစ်ခုထဲကိုပဲ ၂နာရီလုံးအသုံးပြုမယ်ဆိုရင်တော့ Warning Alarm ပေးပါတယ်။

ဒီလို Setting လေးတစ်ခု ထည့်လိုက်တာဟာ ဘာကောင်းကျိုးရသွားတယ်လို့သူငယ်ချင်းတို့ထင်ပါသလဲ။ သတင်းမှားတွေ၊အတုအယောင်တွေ၊အပေါ်ယံဟန်ဆောင်မှုတွေနဲ့ပြည့်နှက်နေတဲ့ Facebook ကြီးအပေါ် ကိုယ်ရဲ့စွဲလန်းစိတ်ကို ကန့်သတ်လို့ရသွားတယ်လို့ပဲမြင်ပါတယ်။ မြန်မာနိုင်ငံမှာ Facebook အသုံးပြုသူ ၁၀သန်းနဲ့ ၁၈သန်းကြားရှိတယ်လို့ တရားဝင်သတင်းတွေအရသိရပါတယ်။ပြောင်းလဲလာတဲ့ စမတ်ဖုန်းယဉ်ကျေးမှုတွေကြောင့် ဒီထက်လည်း အသုံးပြုသူများပြားလာနိုင်ပါသေးတယ်။အသုံးပြုသူများလာလေလေ၊ သုံးစွဲချိန်များလာလေလေ၊ သတင်းတုအယောင်တွေ၊အလိမ်အညာတွေနဲ့ လှည့်ဖျားချင်သူတွေက ကြိုက်လေလေပါ။

သတင်းအသိပညာအားနည်းသူတွေ၊ပညာအဆင့်အတန်းနိမ့်ကျသူတွေ၊အယုံလွယ်သူတွေဟာ လှည့်ဖျားတတ်သူတွေ၊အဖွဲ့အစည်းတွေရဲ့ Facebook သားကောင် ဖြစ်မှန်းမသိဖြစ်လာရပါတယ်။ဒါပေမယ့်လည်း တစ်ဖက်ကကြည့်ပြန်ရင်တော့ ကိုယ့်ရဲ့ သတင်းသိပိုင်ခွင့်တွေအတွက် တရားဝင်သတင်းဌာနတွေက ဖော်ပြတဲ့သတင်းအစစ်တွေကိုဖတ်မယ်။အနေဝေးတဲ့ ဆွေမျိုးမိတ်ဆွေတွေနဲ့ အဆက်အသွယ်လုပ်ကြမယ်၊ပညာရပ်အသစ်အသစ်တွေကိုလေ့လာကြမယ်၊ဝါသနာတူ၊ခံစားချက်တူသူတွေနဲ့ သူငယ်ချင်းဖြစ်တာကြောင့် မိတ်ဆွေတွေပိုတိုးလာမယ်ဆိုတဲ့ ကောင်းကွက်လေးတွေတော့ရှိနေပါသေးတယ်။

ဒါကြောင့် Facebook ပေါ်မှာ သမ္မာအာဇီဝနဲ့ စီးပွားရှာကြတဲ့ အွန်လိုင်းအရောင်းအဝယ်သမားတွေမဟုတ်ရင်၊ကျတော်တို့လိုလေ့လာစောင့်ကြည့်သူတွေမဟုတ်ရင် Facebook သုံးစွဲမှုအချိန်ကို ကန့်သတ်လိုက်ပေးဖို့ တွေးပြီးမှယုံက တောင်းဆိုပါတယ်။Alarm နဲ့ကန့်သတ်ကြည့်ပါ။ကန့်သတ်ချိန်အတွင်းမှာ တရားဝင်သတင်းဌာနကသတင်းအစစ်တွေဖတ်ပါ။ ကိုယ့်သူငယ်ချင်းဆွေမျိုးတွေနဲ့ဆက်သွယ်ပါ။အချိန်မလောက်သေးရင်လည်းထပ်တိုးလို့ရပါတယ်။ဘာပဲဖြစ်ဖြစ်တစ်နေ့တာအတွင်း ကိုယ် Facebook ဘယ်လောက်သုံးလဲဆိုတာသူငယ်ချင်းတို့သိသွားရတဲ့အတွက်ကြောင့် ကိုယ့်ရဲ့လူမှုဘဝထဲက အချိန်ဘယ်လောက်ကို Facebook ကယူသွားလဲဆိုတာ ပြန်သုံးသပ်လို့ရပါပြီ။

ကိုယ့်အချိန်တွေလည်းဖဲ့ပေးရသေးတယ်၊သတင်းတု၊သတင်းမှားတွေနဲ့အလိမ်လည်းခံနေရသေး တယ်ဆိုရင်တော့ သူငယ်ချင်းတို့အနေနဲ့ အသုံးပြုရတာ အကျိုးရှိမှာမဟုတ်ပါဘူး။ချင့်ချိန်ပြီးအသုံးပြုနိုင်ကြပါစေလို့ တွေးပြီးမှယုံက အကြံပေးလိုက်ပါရစေ။သုံးနေချိန်အတွင်းမှာလည်း သတင်းတုလို့သံသယရှိခဲ့ရင် အချက်အလက်စစ်ဆေးချင်တယ်ဆိုရင်တော့ တွေးပြီးမှယုံကို ပေးပို့စစ်ဆေးပေးပါ။သူငယ်ချင်းတို့အတွက်ဆို တွေးပြီးမှယုံက အမြဲတမ်း ဝဲလ်ကမ်း (Welcome) ပါပဲ။

%d bloggers like this: