Home>>ဆောင်းပါး>>သင်ခန်းစာ (၂) နောက်တစ်မှတ်တိုင် လာဂိုးစ်
ဆောင်းပါး

သင်ခန်းစာ (၂) နောက်တစ်မှတ်တိုင် လာဂိုးစ်

သူငယ်ချင်းတို့ရေ……
BBC က သတင်းမှားတွေနဲ့ ပတ်သက်ပြီး ဆောင်းပါးလေး တစ်ပုဒ်ကို သူငယ်ချင်းတို့ လေ့လာလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်နော်။

နောက်တစ်မှတ်တိုင်ကတော့ လာဂိုးစ် ပဲလို့ ဖေ့ဘွတ်ခ် စီအီးအို မာ့ခ်ဇူကာဘက်က သူ့ရဲ့ဖေ့ဘွတ်ခ်အကောင့်မှာ ၂၀၁၆ခုနှစ် သြဂုတ်လက တင်ခဲ့ပါတယ်။ ပထမဆုံး အာဖရိက ကိုသွားရမယ့်ခရီးမို့လို့ သူအရမ်းပဲစိတ်လှုပ်ရှားနေပါတယ်။

စိတ်မလှုပ်ရှားပဲဘယ်နေပါ့မလဲ။ နောက် ၇ နှစ်အတွင်း နိုင်ဂျီးရီးယားမှာ အင်တာနက်အသုံးပြုတဲ့သူ ၅၃ သန်း အထိရှိမယ်လို့ ခန့်မှန်းထားပြီး အသုံးပြုသူတိုးလာမယ့်အတွက် ကုမ္ပဏီဟာ ပိုအောင်မြင်မှုရလာမယ်လေ။ ဇူကာဘက် လာဂိုးစ်ကို လာတဲ့အချိန်က ဖေ့ဘွတ်ခ်အသုံးပြုတဲ့လူ ၁၆ သန်း၊ နောက်၂ နှစ်အကြာ အခုတော့ ၂၄ သန်း အထိတိုးလာတာကြောင့် ၇ နှစ်အတွင်း ၅၃ သန်းဖြစ်လာမယ်ဆိုတာဖြစ်နိုင်ပါတယ်။

ဒါပေမယ့် လူတွေများလေလေ၊ စကားတွေများလေလေ၊ စကားတွေများလေလေ၊ သတင်းမှားတွေ၊ အန္တရာယ်ဖြစ်စေတဲ့အရေးအသား၊ဝါဒဖြန့်တာတွေရှိလာတယ်လို့ ပလာတူးပြည်နယ်ရဲတပ်ဖွဲ့ကတော့ဆိုပါတယ်။

fn_jos_28_of_43-mr

“ဖေ့ဘွတ်ခ်က ပြဿနာတွေကိုသိလည်းသိတယ်၊ သက်သေအထောက်အထားတွေပြဖို့လည်းလုပ်နေတယ်။ နိုင်ဂျီးရီးယားက ကျတော်တို့အတွက်အရေးကြီးပါတယ်”လို့ ဖေ့ဘွတ်ခ်ရဲ့ အနောက်အာဖရိက ပြည်သူ့ရေးရာ မူဝါဒမန်နေဂျာ အကူရာဂေးကီး ကပြောပါတယ်။
“သတင်းမှားတွေပြန့်နှံ့နေတာကို ထိန်းချုပ်ဖို့ ကျတော်တို့အရေးတကြီးလုပ်နေပါတယ်။ ကျတော်တို့လည်း ဒီသတင်းမှားပြန့်နှံ့မှုကို တုံ့ပြန်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့လုပ်နေပဲ” လို့ ဖေ့ဘွတ်ခ်က ဘီဘီစီကိုပြောပါတယ်။

အသုံးပြုသူတွေဆီက report တွေအပြင် စိတ်မသက်သာစရာ အကြောင်းအရာတွေကို ရှာဖွေဖယ်ရှားနိုင်ဖို့ tools တွေ ကိုလည်း အသုံးပြုနေပါတယ်။ ပြည်တွင်းမိတ်ဖက်အဖွဲ့အစည်းတွေ၊ နိုင်ဂျီးရီးယားအရပ်ဖက်အဖွဲ့အစည်းတွေ၊ NGOတွေ၊ ပညာရှင်တွေနဲ့ အာဏာပိုင်တွေနဲ့လည်း ချိတ်ဆက်ဆောင်ရွက်ဖို့ဆက်လုပ်နေပါတယ်လို့ပြောပါတယ်။

ဒီပြဿနာကို အချက်အလက်စစ်ဆေးတဲ့ တတိယအဖွဲ့အစည်းတွေနဲ့ ဖြေရှင်းဖို့ ဖေ့ဘွတ်ခ်ကကြံထားပါတယ်။ ဒီပရိုဂရမ်ကို ကမ္ဘာတစ်ဝှမ်းလုံးက နိုင်ငံ ၁၇ နိုင်ငံမှာလည်း ဖေ့ဘွတ်ခ်က ကျင့်သုံးနေပါတယ်။ နိုင်ဂျီးရီးယားမှာတော့ ဒီပရိုဂရမ်ကိုအောက်တိုဘာလတုန်းက စတင်မိတ်ဆက်ခဲ့ပြီး ပြင်သစ်သတင်းအေဂျင်စီ AFP နဲ့ အာဖရိက စစ်ဆေးသူ အဖွဲ့တို့က တတိယအဖွဲ့အစည်းအနေနဲ့ အချက်အလက်စတင်စစ်ဆေးနေပါပြီ။ ဒီအချက်အလက်စစ်ဆေးသူတွေဟာ ဖေ့ဘွတ်ခ်က အလိုလျှောက်စနစ်နဲ့စစ်ဆေးတဲ့ သတင်းအချက်အလက်အမှားတွေကို ပြန်လည် ကြည့်ရှုစစ်ဆေးရတဲ့အလုပ်ကိုလုပ်ပါတယ်။

ဒါပေမယ့် ဒီစနစ်မှာ အခြား သတင်းမှားတွေ၊ အကြောင်းအရာအမှားတွေ ရေးထားတဲ့ပို့စ်တွေကတော့ လစ်လပ်ကျန်နေခဲ့ပါသေးတယ်။
အလုံးစုံဖြေရှင်းလို့မရသေးဘူးဆိုတာ ကျတော်တို့နားလည်ပါတယ်။ ဒါပေမယ့် အချက်အလက်စစ်ဆေးတဲ့သူတစ်ယောက်က အကြောင်း အရာတစ်ခုကို အမှားပါလို့ သတ်မှတ်လိုက်ရင်၊ ကျတော်တို့က အဲဒီပို့စ်ကို တင်တဲ့ စာမျက်နှာကို ၈၀ ရာခိုင်နှုန်းလောက်အထိလူတွေမမြင်အောင်လျှော့ချလို့ရပါတယ်။

ကိန်းဂဏန်းအချက်အလက်တွေအရတော့ အားရစရာကောင်းတာပဲ။ ဒါပေမယ့် BBC Africa Eye အစီအစဉ်ကနေ နိုင်ဂျီးရီးယားက ဖေ့ဘွတ်ခ်ရဲ့အချက်အလက်စစ်ဆေးတဲ့ ပမာဏ ခြေလှမ်းကို ခပ်နက်နက်တူးကြည့်တယ်။ ဒီနယ်ပယ်မှာကျွမ်းကျင်တဲ့လူတွေကိုစကားပြော
ကြည့်တဲ့အခါမှာ ပုံရိပ်ပေါ်က အသေးစိတ်အချက်အလက်တွေဟာ တော်တော်လေးကွာခြားနေတာတွေ့ရပါတယ်။

ဖေ့ဘွတ်ခ်ရဲ့ အချက်အလက်စစ်ဆေးတဲ့တတိယအဖွဲ့အစည်းဖြစ်တဲ့ AFP နဲ့ Africa Check ကတော့ လစဉ် လူ၂၄သန်းလောက် လူမှုကွန်ရက်သုံးနေတဲ့ ဒီပလက်ဖောင်းပေါ်မှာ သတင်းမှားတွေကို တုံ့ပြန်ဖို့၊ သုံးသပ်ဖို့ အတွက် အချိန်ပြည့်လုပ်ကိုင်နေတဲ့သူက လေးယောက်ပဲရှိတယ်လို့ ဝန်ခံထားပါတယ်။

အပြည်ပြည်ဆိုင်ရာ အချက်အလက်စစ်ဆေးသူများကွန်ရက်ရဲ့ ဒါရိုက်တာ အဲလက်စ်ဆီရော့စ် မန်ဆာလစ်ကတော့ လတိုင်း အရေအတွက် ၂၀ ကနေ ၁၀၀ ကြားအထိ တစ်ဦးချင်းအချက်အလက်စစ်ဆေးသူတွေရှိမှ ပြီးပြည့်စုံမယ်လို့ ပြောပါတယ်။

ဒါပေမယ့် နိုင်ဂျီးရီးယားမှာတော့ ယုံကြည်ရတဲ့သတင်းအချက်အလက်ကရှာဖို့ခက်ပါတယ်။ ဒါ့ကြောင့် လုပ်ငန်းစဉ်ကတစ်တစ်ခါမှာနှေးကွေးပါတယ်။ ဖေ့ဘွတ်ခ်ရဲ့ အချက်အလက်စစ်ဆေးတဲ့အခြားမိတ်ဖက်တစ်ဖွဲ့လည်းရှိပါတယ်။ နာမည်ထုတ်ဖော်မပြောတဲ့ ဒီအဖွဲ့က
တစ်ပတ်အတွင်း သတင်းအမှားငါးပုဒ်လောက်အထိကို တုံ့ပြန်ရတယ်လို့ပြောပါတယ်။

“သူတို့ကတော့ ခြေထောက် ရေစိမ်မပျက်ကြပါဘူး။ နောက်ဆုံးတော့ သူတို့က ပိုက်ဆံတွေ ဒီထက်ပိုလိုချင်တဲ့ စီးပွားရေးသမားတွေပါပဲ”လို့ နိုင်ဂျီးရီးယား ဒစ်ဂျစ်တယ်အခွင့်အရေးတက်ကြွလှုပ်ရှားသူ ဘန်ဂါဆီဆန် ကပြောပါတယ်။ သူက ဖေ့ဘွတ်ခ်ကတာဝန်ရှိသူတွေနဲ့
နိုင်ဂျီးရီးယားရဲ့အခြေအနေကို ဆွေးနွေးလာခဲ့တဲ့သူပါ။

ဒစ်ဂျစ်တယ်တက်ကြွလှုပ်ရှားသူတစ်ဦးလည်းဖြစ် နယ်စည်းမခြား အင်တာနက် အဖွဲ့ရဲ့ ဒါရိုက်တာလည်းဖြစ်တဲ့ ကင်မရွန်အမျိုးသမီး ဂျူလီအိုဝန်နိုကလည်း ဖေ့ဘွတ်ခ်ရဲ့အစီအစဉ်တွေဟာ ဖြစ်နေတဲ့ပြဿနာတွေနဲ့ အချိုးညီမျှမနေဘူးလို့ပြောပါတယ်။ ခြိမ်းခြောက်ခံနေရမှုတွေ
နဲ့ တုံ့ပြန်မှုတွေက လုံးဝကိုမညီမမျှဖြစ်နေတာပါ။ အချက်အလက်စစ်ဆေးသူကလေးယောက်တဲ့လား။ ထိတ်လန့်စရာပါပဲ။

ပိုပြီးစိတ်ပူစရာကောင်းတဲ့နောက်တစ်ခုကတော့ ဖေ့ဘွတ်ခ်ရဲ့ အဲဒီမိတ်ဖက်အဖွဲ့ဖြစ်တဲ့ အချက်အလက်စစ်ဆေးသူလေးယောက်စလုံးဟာ နိုင်ဂျီးရီးယားနိုင်ငံတစ်ဝှမ်းလုံးမှာ လူသန်းပေါင်းများစွာ အသုံးပြုနေတဲ့ ဟော်ဆာ ဘာသာစကားကို မတတ်တာပါပဲ။ ဖေ့ဘွတ်ခ်ကတော့ ဘီဘီစီကို သူတို့ရဲ့ နိုင်ဂျီးရီးယားက အချက်အလက်စစ်ဆေးသူတွေဟာ ဟော်ဆာဘာသာစကားကို သင်နေပြီလို့ဆိုပါတယ်။ နောက်ပြီး လိုအပ်လာရင် ကွန်ယက်ထဲက ဟော်ဆာဘာသာစကားတတ်တဲ့လူတွေရဲ့အကူအညီကိုလည်းရယူဖို့ရှိပါတယ်လို့ ပြောပါတယ်။

ဘီဘီစီက ဟော်ဆာဘာသာစကားနဲ့ရေးထားတဲ့ အမုန်းစကားတွေနဲ့ အချက်အလက်အမှားတွေပါဝင်နေတဲ့ မကြာသေးခင်က ပို့စ်၅၀လောက်ကို လေ့လာကြည့်တဲ့အခါမှာတော့ တချို့ပို့စ်တွေဟာ လူ့အဖွဲ့အစည်းအတွက်တော်တော်လေးအန္တရာယ်ရှိတာကိုတွေ့ရပါတယ်။
ဥပမာအနေနဲ့ ပို့စ်တစ်ခုဆိုရင် ဓာတ်ပုံက လူတစ်ယောက်ဟာ မြေကြီးပေါ်မှာလဲနေပြီးတော့ သူ့အရေပြားတွေဟာ မီးကျွမ်းနေတယ်၊အသားစတွေဟာ ဖွာလန်ကြဲနေတယ်။ စာသားကတော့ “ကိုရမ်ကျမ်းက စာမျက်နှာကို ဆေးခြောက်လိပ်သောက်ဖို့ကြိုးစားနေတဲ့
ဂျွန်အုတ်ဖောဟာ ချက်ချင်းကို မီးလောင်ပြီးသေသွားတာပဲ” တကယ်ကတော့ ဒီဓာတ်ပုံဟာ ၂၀၁၄ တုန်းက လားဂိုးစ်မြို့မှာ စုန်းမဆိုပြီး စွပ်စွဲခံရတဲ့ မိန်းမတစ်ယောက် လူတွေဝိုင်းသတ်တာခံလိုက်ရတဲ့ဓာတ်ပုံပဲဖြစ်ပါတယ်။ သူမဟာ အရှင်လတ်လတ်မီးရှို့ခံရပြီး အဲဒီဒဏ်ရာတွေနဲ့ပဲသေဆုံးခဲ့ပါတယ်။

ဒါပေမယ့် ဘယ်သူက ဒီဓာတ်ပုံကိုတင်တယ်။ ဒီဓာတ်ပုံကို အကောင့်တုတွေက Like လုပ်ထားတယ်ဆိုတာက ဒီပို့စ်ကိုမြင်သွားတဲ့လူတစ်ယောက်အတွက် အရေးမကြီးသလိုဖြစ်နေပါတယ်။ လူတွေက တိုင်းရင်းသား အစ်ဘို ခရစ်ယာန်အကြောင်းပို့စ်တစ်ခုမြင်ပြီဆိုရင်
ဒါဟာ ဟော်ဆာစကားပြော လူများစု အစ္စလာမ်တွေကို နှိမ့်ချလိုက်တာပဲလို့မြင်နေကြတာပါ။ လူမျိုးရေး ဘာသာရေး အကြမ်းဖက်မှုတွေက ဒီဒေသကို ဆုတ်ဖြဲထားပါပြီ။ ဒီအတွက်ကြောင့်လည်း အန္တရာယ် အကျိုးဆက်တွေက တစ်ခုချင်းဆက်ဖြစ်လာတာပါ။

ဖေ့ဘွတ်ခ်ကို ကမ္ဘာတစ်ဝှမ်းလုံးတိုးချဲ့ဖို့ဆောင်ရွက်နေချိန် ၂၀၁၁ တုန်းက ဇူကာဘက်က ဘီဘီစီကို ”ဒီလောကမှာ ဘာကိုပဲလုပ်လုပ် သူငယ်ချင်းတွေနဲ့အတူဆိုရင် ပိုပျော်စရာကောင်းပါတယ်။ ဒီအတွေ့အကြုံတွေကို နေရာအနှံ့အပြားကိုအရောက်ပို့ပေးရတာ စိတ်ကျေနပ်စရာပါ”လို့ပြောပါတယ်။

နောက်၇နှစ်လည်းကြာရော၊ အမေရိကန်နဲ့ဗြိတိန်က ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုတွေ၊ ကင်မရွန်းကနေ မြန်မာပြည်အထိ သတင်းမှားနဲ့အမုန်းစကားပြန့်နှံနေမှုတွေမှာ ဖေ့ဘွတ်ခ်ကို ကြားခံနယ်တစ်ခုလိုအသုံးပြုလာကြတာကြောင့်၊ ဖေ့ဘွတ်ခ်ရဲ့ အကောင်းမြင်စိတ်တွေဟာ အရောင်ပြောင်းလဲသွားပြီလို့ဆိုရပါတော့မယ်။ ဒီနှစ်အစပိုင်းကတော့ သတင်းမှားတွေဟာ ကျတော်တို့ရဲ့မိတ်ဆွေတွေ မဟုတ်ပါဘူးလို့ ဖေ့ဘွတ်ခ်က ကြေငြာထားပါတယ်။

ဘီဘီစီကိုဆက်သွယ်ချက်ထဲမှာလည်း ဖေ့ဘွတ်ခ်က “နိုင်ဂျီးရီးယားက အကြမ်းဖက်မှုတွေကို ဖေ့ဘွတ်ခ်က မတုံ့ပြန်ဘူး၊ တာဝန်မယူဘူးလို့ပြောတာဟာ နားလည်မှုလွဲနေတာပါလို့ပြောပါတယ်။ လူတွေကိုလုံခြုံစိတ်ချမှုပေးရမယ်။ သတင်းမှားတွေရဲ့ရန်ကနေကာကွယ်ပေးရမယ်၊တာဝန်ယူတာဝန်ခံပေးရမယ်ဆိုတာ ကျတော်တို့နားလည်ပါတယ်။ ဒီအလွဲသုံးချမှုတွေကို တုံ့ပြန်ဖို့လည်း ကျတော်တို့ ကြိုးကြိုးစားစားလုပ်နေပါတယ်”လို့ကုမ္ပဏီကပြောပါတယ်။ ဒါပေမယ့် သတင်းမှားတွေနဲ့ဓာတ်ပုံအတုတွေဟာ ဒီပလက်ဖောင်းပေါ်မှာ ဆက်လက်လျှောက်လှမ်းနေတုန်းပဲ။

ဦးခေါင်းခွံကြီး ဟက်တက်ကွဲနေတဲ့ လူတစ်ယောက်ရဲ့ ဗီဒီယိုကိုကျတော်တို့က ဖေ့ဘွတ်ခ်ကိုပို့ခဲ့ပါတယ်။ ဒီဗီဒီယိုဟာ လွန်ခဲ့တဲ့နှစ်တွေတုန်းက ကွန်ဂိုနိုင်ငံမှာ ရိုက်ထားတဲ့ဗီဒီယိုပါ။ ဒါပေမယ့် ဒီနှစ် ဇွန်လမှာတော့ ဒီဗီဒီယိုက ပျံ့နှံ့သွားပြီး သတ်ဖြတ်မှုတွေဖြစ်ကုန်ပါတယ်။
ဖေ့ဘွတ်ခ်က ဒီပို့စ်ဟာ အကြမ်းဖက်မှုအားပေးတဲ့ပို့စ်မို့လို့ သူတို့ရဲ့မူဝါဒနဲ့မကိုက်ညီတဲ့အတွက်ကြောင့် ချက်ချင်းဖြုတ်ပေးပါတယ်။ ဒါပေမယ့် စာရိုက်ပြီး ဖေ့ဘွတ်ခ်မှာရှာလို့ရတဲ့ quick search မှာကျတော့ ဒီဗီဒီယိုကိုပဲ အခြားပို့စ်တွေမှာ တွေ့ရပါသေးတယ်။ လူသတ်ပွဲတွေဖြစ်အောင် မဟုတ်မမှန်ဝါဒဖြန့်ထားတဲ့ ဒီဗီဒီယိုဟာ ပျံ့နှံ့နေတုန်းပဲရှိပါသေးတယ်။

လူတစ်ယောက်က ဒီဗီဒီယိုဟာ ဒီမိုကရက်တစ် ကွန်ဂိုနိုင်ငံရဲ့မြို့တော်ကင်ဟာဆာမှာဖြစ်တဲ့တိုက်ခိုက်မှု၊ နောက်တစ်ယောက်ကကျပြန်တော့ ကင်မရွန်းမြောက်ပိုင်းက ဘိုကိုဟာရမ် သူပုန်တွေရဲ့တိုက်ပွဲလို့ပြောပါတယ်။ ဒီဗီဒီယိုကို စတင်လိုက်တဲ့ ၂၀၁၂ ကထဲကနေအခုအချိန်ထိ ဒီဗီဒီယိုဟာ အာဖရိကတိုက်တစ်တိုက်လုံးကို အကြောက်တရားတွေဖြစ်အောင် ရိုက်နှက်ကြိမ်းမောင်းနေတာပါ။ နောက်ဘာ ဗီဒီယိုတွေပေါ်လာဦးမှာလဲ။ ဘာတွေနဲ့အသုံးချကြပြီး ဘယ်လိုအဆုံးသတ်မှာလဲ။

%d bloggers like this: