သူငယ်ချင်းတို့ရေ..
သတင်းတုတွေက တစ်ပတ်ကိုတစ်ခါလောက်တော့ ဖန်တီးတတ်ကြပါတယ်။ တစ်လလုံးနေလို့မှ သတင်းတုတစ်ပုဒ်မှမတွေ့ရဘူးဆိုတာမရှိပါဘူး။ ဆိုလိုတာကတော့ သတင်းတုလုပ်သူတွေဟာ လူတွေရဲ့အထင်အမြင်၊ အတွေးအခေါ်တွေလွဲမှားအောင်လို့ အမြဲတမ်းကြိုးစားကြံစည်နေကြတယ်ဆိုတာပါပဲ။ ဒီတစ်ခါမှာလည်း ရဲမှူးက ဘင်္ဂလီတွေဆီ လက်နက်ပို့ပေးတယ်ဆိုတဲ့သတင်းတုတစ်ခု ပျံ့နှံ့လာပါတယ်။ ဒီသတင်းတုဟာ Like ၅၀၀ ကျော်နဲ့ Share ၆၀၀ကျော်အထိရှိနေပါတယ်။ ဒါ့ကြောင့် ဒီသတင်းတုကိုဘာကြောင်ါ မယုံသင့်တဲ့အကြောင်း တွေးပြီးမှယုံက ဖော်ထုတ်လိုက်ရပါတယ်။
(၁) ရသေ့တောင်မြို့နယ်မှာ တာဝန်ကျနေတဲ့ ရဲမှူးက ဘင်္ဂလီတွေကို လက်နက်ပို့ပေးတယ်ဆိုပြီးသတင်းတုကဖော်ပြထားပါတယ်။တွေးပြီးမှယုံက အချက်အလက်စစ်ဆေးလိုက်တဲ့အခါ.. ဒီသတင်းဟာ ၂၀၁၇ဧပြီလက သတင်းဖြစ်နေပါတယ်။
(၂)စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်မှာ ၂၀၁၇ခုနှစ်ဧပြီလက ရဲအယောင်ဆောင်တဲ့ လူတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်ဆိုတဲ့သတင်းပါ။
(၃)တရားဝင်သတင်းဌာနတစ်ခုဖြစ်တဲ့ Yangon Media Group က ဒီသတင်းကို တင်ထားပါတယ်။
သူငယ်ချင်းတို့ရေ…
တွေးပြီးမှယုံက သတင်းတု၊ သတင်းမှားတွေကို အချိန်ပြည့်ရှာဖွေပြီး အချက်အလက်စစ်ဆေးနေပါတယ်။ ဒါပေမယ့် မတွေ့မိတဲ့ လွတ်သွားတဲ့ သတင်းမှားတွေလည်းရှိနိုင်ပါသေးတယ်။ လူ့အဖွဲ့အစည်းကို အတွေးအခေါ်တွေလွဲမှားအောင်လုပ်နေတဲ့သတင်းမှားတွေရန်ကနေ ကာကွယ်နိုင်ဖို့ သူငယ်ချင်းတို့အနေနဲ့လည်း သတင်းမှားတွေတွေ့မိရင်၊ သတင်းမှားလို့သံသယရှိရင်တွေးပြီးမှယုံကို ပေးပို့ပြီးစစ်ဆေးခြင်းအားဖြင့် ကူညီနိုင်ပါတယ်။