Home>>ဆောင်းပါး>>သင်ခန်းစာ (၃) သတိပေးချက် အမှား
ဆောင်းပါး

သင်ခန်းစာ (၃) သတိပေးချက် အမှား

သူငယ်ချင်းတို့ရေ……
BBC က သတင်းမှားတွေနဲ့ ပတ်သက်ပြီး ဆောင်းပါးလေး တစ်ပုဒ်ကို သူငယ်ချင်းတို့ လေ့လာလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်နော်။

နိုင်ဂျီးရီးယားမှာတော့ အဖွဲ့အစည်းအနည်းငယ်လောက်ကပဲ သတင်းမှားတွေရဲ့ အကျိုးသက်ရောက်မှုကို ပလာတူးပြည်နယ်ရဲတွေထက်ပိုသိပါတယ်။”သူတို့လည်းဒီသတင်းမှားတွေနဲ့ဖန်တီးထားတဲ့ ဓာတ်ပုံအတုတွေကို အမြဲမပြတ်စောင့်ကြည့်နေပါတယ်” လို့ ဘီဘီစီကို ပြောပါတယ်။ ပလာတူးပြည်နယ်ဆိုတာ ဇွန်လက ဂက်ရှစ်လူသတ်ပွဲဖြစ်ခဲ့တဲ့နေရာ၊ အာလူးကုန်သည် အလီ ဘဝဆုံး၊ အသက်ဆုံးခဲ့ရတဲ့နေရာပါ။

ဗုံးဒဏ်ကာဖို့ဝိုင်းထားတဲ့ကွန်ဂရစ်တိုင်လေးတွေနဲ့ ရဲဌာနချုပ်ထဲက စားပွဲခေါ်ပုံမှာထိုင်နေရင်း ပြောရေးဆိုခွင့်ရှိသူ သီယိုပက်တာနာမားသီးယက်စ်က “ကျတော်တို့ ဖေ့ဘွတ်ခ်ကို အစွမ်းကုန် ဂရုစိုက်နေရပါတယ်”။ သတင်းမှားတွေကို စောင့်ကြည့်စစ်ဆေးဖို့ မားသီးယပ်စ်ရဲ့အသင်းမှာ အရာရှိ ၁၀ယောက်ရှိပါတယ်။ ရဲလုပ်ငန်းစဉ်အတွက်ကသက်သက်၊ သတင်းမှားတွေစောင့်ကြည့်ဖို့ကသက်သက် ခွဲထားရပြီး တလှည့်စီ ရုံးထိုင်နေရတယ်လို့ ဘီဘီစီကိုပြောပါတယ်။

ဒီလူတွေအတွက် ဝန်ထုပ်ဝန်ပိုးက ဒီလောက်နဲ့ရပ်မသွားသေးပါဘူး။ မားသီးယက်စ်က အဖြစ်အပျက်တစ်ခုကိုပြန်ပြောင်းပြောပြပါတယ်။”လူတစ်ယောက်က သူတို့ရွာကိုတိုက်ခိုက်ဖို့ လူတွေလာနေတယ်လို့ ဖေ့ဘွတ်ခ်ပို့စ်တစ်ခုမှာရေးထားတဲ့အကြောင်း ရဲစခန်းကိုဖုန်းဆက်တယ်ဗျ။ လူတွေ၊ ကားတွေအပြည့်နဲ့ အဲဒီရွာမှာ ကျတော်တို့သွားစောင့် နေတာပေါ့၊ နှစ်ရက်တိတိကျတော်တို့လုံခြုံရေးယူပြီးစောင့်ပြီးမှ အဲဒီသတင်းက အမှားကြီးဆိုတာကျတော်တို့ သိခဲ့ရပါတယ်” ဒီလိုကိစ္စတွေက အကြိမ်ပေါင်းများစွာပဲ။ ဒါပေမယ့် ရဲတွေက ဒီလိုဖေ့ဘွတ်ခ်ပေါ်မှာပျံ့နေတဲ့ ခြိမ်းခြောက်မှုတွေကို အရဲစွန့်ပြီး လျှစ်လျှူရှုလိုက်လို့လည်းမရပါဘူး။ပလာတူးမှာရှိတဲ့ရွာတွေက အချိန်မရွေးတိုက်ခိုက်မှုတွေဖြစ်သွားနိုင်လို့ပါ။ ဒါ့ကြောင့်ကျတော်တို့ သတင်းတွေ ရတဲ့အခါ အရေးတကြီးကိုင်တွယ်ရတာပါပဲ။ နောက်ပြီးမှ သတင်းက အမှန်လား၊ အမှားလား၊ ဖွထားတာလားဆိုတာ စုံစမ်းရတာပဲ”

ဒီလို အထိတ်တလန့်ဖြစ်စရာ ကိစ္စမျိုးတွေက ကာကွယ်နိုင်ဖို့၊ ရဲတပ်ဖွဲ့အင်အားကို အများအပြားထည့်ထားရပါတယ်။ မားသီးယက်စ်ရဲ့ လူတွေဟာ ဖေ့ဘွတ်ခ်ပေါ်မှာ သတင်းမှားတွေ့တိုင်း ပြန်လည်တုံ့ပြန်ကြပါတယ်။ ပဋိပက္ခဖြစ်နေတဲ့ကာလတွေမှာတောင်၊ သူတို့က သူတို့ရဲ့ကိုယ်ပိုင်အကောင့်တွေကိုသုံးကြပြီး ကောလဟာလတွေကို ပြန်လည်ဖြေရှင်းပေးကြပါတယ်။ ရပ်ရွာခေါင်းဆောင်တွေကိုလည်း ဒီလိုဖြေရှင်းကြဖို့တောင်းဆိုပေးကြပါတယ်။ ဒါပေမယ့် ပလာတူးက သတင်းမှားပြန့်နှံမှုဟာ အင်မတန်ကြီးမားခဲ့တဲ့အတွက်ကြောင့် သူတို့ ဘယ်လိုမှ တုံ့ပြန်လို့မရခဲ့ပါဘူး။

အလီအသက်ဆုံးရအောင် လမ်းပိတ်တိုက်ခိုက်မှုဖြစ်ရတဲ့ ဖေ့ဘွတ်ခ်ပေါ်က သတင်းမှားတစ်ဒါဇင်ကျော်လောက်ကို မားသီးယပ်စ်က ထောက်ပြပါတယ်။ ဒီသတင်းမှားတွေကပဲ ဇွန်လ နှောင်းပိုင်းမှာဖြစ်ပွားခဲ့တဲ့ လူသတ်ပွဲတွေ၊ လူဖမ်းပွဲတွေ၊ဝရုန်းသုန်းကား ပြေးလွှားအော် ဟစ်ရတာတွေ၊၂၀၁၇ စက်တင်ဘာတုန်းက လူစုလူဝေးက အစ်ဘိုမျိုးနွယ်လူနှစ်ယောက်ကိုသတ်ပစ်တာတွေဖြစ်စေတာပါ။
“ဒီဟာတွေက လူတွေရဲ့ကြောက်လန့်မှုတွေ၊ စိုးရိမ်ထိတ်လန့်စေမှုတွေကိုဖြစ်စေပါတယ်။ သတင်းမှားတွေဟာ ကျတော်တို့လူ့အဖွဲ့အစည်းကို ကြီးကြီးမားမားထိခိုက်ဒဏ်ရာရစေတာပါ။ ဖေ့ဘွတ်ခ်က ကျတော်တို့အသံတွေကိုနားထောင်ဖို့နဲ့တခုခုကိုမြန်မြန်ဆန်ဆန်လုပ်ဖို့ပဲ မျှော်လင့်ရမှာပါ”

ပလာတူးပြည်နယ်က နိုင်ဂျီးရီးယား စစ်တပ်ကလည်း မားသီးယက်စ်နဲ့တစ်သဘောထဲပါပဲ။ စက်တင်ဘာလနဲ့ အောက်တို ဘာလ ကြားထဲမှာ ဖေ့ဘွတ်ခ်ပေါ်က သတင်းမှား ၇ ပုဒ်ကို သူတို့တုံ့ပြန်နိုင်ခဲ့ပါတယ်။ စောင့်ကြည့်အကဲဖြတ်တဲ့လုပ်ငန်းတွေတင်မဟုတ်ပဲ သူတို့က မွတ်စ်လင်ခေါင်းဆောင်တွေ၊ သင်းအုပ်ဆရာတွေနဲ့ ပုံမှန် အစည်းအဝေးတွေလုပ်ပြီး တွေ့ဆုံကာ ခြိမ်းခြောက်မှုတွေလျော့နည်းအောင် အသိပညာပေးပွဲတွေလည်း လုပ်ဆောင်နေပါတယ်။

“ဒါက နိုင်ငံတော်ကို နည်းလမ်းအသစ်တမျိုးနဲ့ ဖျက်ဆီးနေတာပါ။ ခင်ဗျားဘယ်နေရမှာ ဘာဖြစ်နေမှန်းမသိခင်ကို သတင်းမှားတွေက အဆက်မပြတ်ဖြစ်ပေါ်နေတာပါ။ လူတွေကို ဒါတွေဟာ သတင်းမှားတွေမှန်းသိသွားအောင်လုပ်ဖို့ဆိုရင် ခင်ဗျားအနေနဲ့ အင်အားတော်တော်များများသုံးရပါလိမ့်မယ်”လို့ ငြိမ်းချမ်းရေးတည်မြဲခြင်းဆိုတဲ့ စစ်ဆင်ရေးကိုလုပ်နေတဲ့ ဗိုလ်ချုပ် အော်ဂက်စတင်းအာဂွန်ဒူက ပြောပါတယ်။

အကြီးတန်း သတင်းအချက်အလက်အရာရှိ ဗိုလ်မှူး အဒမ်အူမာကတော့ သူ့ရဲ့တပ်မှာ ဒေသခံပြည်သူတွေဆီကနေ သတင်းမှားအကြောင်း ရီပို့ ပေးတာတွေလိုနေတယ်၊ လောလောဆယ်တော့ စစ်တပ်အနေနဲ့ ဒီသတင်းမှားတွေကို ရေဒီယိုကနေပဲ
တုံ့ပြန်နေတယ်လို့ ပြောပါတယ်။
“လူမျိုးစုတစ်စုနဲ့တစ်စု၊ ဘာသာရေးတစ်စုနဲ့တစ်စုက အမြဲရန်ဆောင်နေကြတာ။ လူ့အဖွဲ့အစည်းက နောက်ပြန်သွားသလိုဖြစ်နေတယ်”လို့ သူက ငြိမ်းချမ်းရေးတည်မြဲခြင်းလုပ်ငန်းစဉ်အပြီး ရက်အနည်းငယ်အကြာမှာသုံးသပ်ပါတယ်။ အူမာဟာ ဇွန်လတုန်းက ဂက်ရှစ်မှာ ဖြစ်ခဲ့တဲ့ အနိဠာရုံမြင်ကွင်းတွေကို မြင်ခဲ့ရပါတယ်။ သူကလည်း ဖေ့ဘွတ်ခ်ပေါ်က ဒီဓာတ်ပုံအတုတွေဟာ ဂျို့စ်မြို့ လူသတ်ပွဲအတွက် မီးရှို့ပေးခဲ့တာလို့ ယုံကြည်နေပါတယ်။ မနှစ်ကဖြစ်သွားတဲ့ နိုင်ငံအရှေ့ဘက်ခြမ်းက အီဘိုနဲ့ဟော်ဆာတွေ လူသတ်ပွဲဟာလည်း ဒီလို ဓာတ်ပုံတုတွေကြောင့် ဖြစ်ရတာလို့ ပြန်ပြောင်းပြောဆိုပါတယ်။

ပလာတူးပြည်နယ်က ရဲတွေတင်မကပဲ လူမှုကွန်ရက်ပေါ်ကသတင်းမှားတွေကို တစ်နိုင်ငံလုံးက တားဆီးဖို့ ကန့်သတ်ဖို့လိုပါတယ်။ ၂၀၁၈ မှာ နိုင်ဂျီးရီးယားအစိုးရက ဒီပြဿနာကိုဖြေရှင်းဖို့၊ အသိပညာပေးဖို့ နိုင်ငံတစ်ဝှမ်းလုံး ကမ်းပိန်းတစ်ခုလုပ်ခဲ့ပါတယ်။

%d bloggers like this: