Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>ဘင်္ဂလီတွေကို ဗလီထဲမှာတွေ့တယ်ဆိုတဲ့သတင်းတု
နိုင်ငံရေးလူမျိုးရေး

ဘင်္ဂလီတွေကို ဗလီထဲမှာတွေ့တယ်ဆိုတဲ့သတင်းတု

သူငယ်ချင်းတို့ရေ…

သတင်းမှားတွေလာပြန်ပြီနော်။ ဒီတစ်ခါမှာလည်း ဘင်္ဂလီတွေကို ဗလီထဲမှာတွေ့တယ်ဆိုတဲ့သတင်းတုတစ်ခုကို ဖန်တီးပြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို အပုတ်ချတိုက်ခိုက်တာကို တွေးပြီးမှယုံက တွေ့ရပါတယ်။ ဒါပေမယ့် ဒီသတင်းတုကိုတော့ တွေးပြီးမှယုံက ဖော်ထုတ်စရာမလိုတော့ပါဘူး။

Untitled design (33)

သတင်းတုကို ဖေ့ဘွတ်ခ်ကနေဖယ်ရှားလိုက်ပါပြီ။ သတင်းတု အလုပ်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်က သတင်းတုဖြစ်ကြောင်းပို့စ်တင်တဲ့အတွက်ကြောင့် Report ပြုလုပ်ခံရလို့ပျက်သွားတာဖြစ်နိုင်ပါတယ်။ ရိုဟင်ဂျာတွေကိုအသုံးချပြီး လူထုကိုနိုင်ငံရေးအရ ဝေဝါးအောင်ပြုလုပ်နေတဲ့ သတင်းတုတွေက လူမှုကွန်ရက်ပေါ်မှာအမြဲလှည့်ပတ်သွားလာနေတဲ့အကြောင်း သိစေချင်လို့ တွေးပြီးမှယုံက တင်ပြပေးလိုက်ပါတယ်။

Untitled design (34)

%d bloggers like this: