Home>>ဆောင်းပါး>>သင်ခန်းစာ(၄) ကမ္ဘာကြီးနဲ့အိမ်နီးချင်း ဖြစ်လာခြင်း
ဆောင်းပါး

သင်ခန်းစာ(၄) ကမ္ဘာကြီးနဲ့အိမ်နီးချင်း ဖြစ်လာခြင်း

သူငယ်ချင်းတို့ရေ……
BBC က သတင်းမှားတွေနဲ့ ပတ်သက်ပြီး ဆောင်းပါးလေး တစ်ပုဒ်ကို သူငယ်ချင်းတို့ လေ့လာလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်နော်။

နိုင်ဂျီးရီးယားလူထုဆက်ဆံရေးကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ၊ တတိုင်းပြည်လုံးမှာ အင်တာနက်အသုံးပြုသူဦးရေ သန်း ၁၀၀ ကျော်ရှိတယ်လို့သိရပါတယ်။ ဒါက ၂၀၁၂ ခုနှစ်က အသုံးပြုသူဦးရေ ရဲ့ သုံးဆလောက်ကို အရေအတွက်ကတိုးပွားလာတာပါ။ နောက်နှစ်အနည်းငယ်အတွင်း သန်းပေါင်းများစွာထပ်တိုးလာမှာဖြစ်ပြီး ဖေ့ဘွတ်ခ်က နိုင်ဂျီးရီးယားကို ကူညီပေးမယ်လို့လည်း မျှော်လင့်ထားကြပါတယ်။

၂၀၁၆ခုနှစ်၊ မာ့က်ဇူကာဘက်ခ် နိုင်ဂျီးရီးယားကို လာလည်တုန်းက ဖေ့ဘွတ်ခ်က မိုဘိုင်းဖုန်းကွန်ယက်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Airtel Africa နဲ့ အခမဲ့ ဝန်ဆောင်မှုဆိုတဲ့အစီအစဉ်တစ်ခုကိုလုပ်ပါတယ်။ ဒီဝန်ဆောင်မှုက ဝက်ဘ်ဆိုဒ် ၈၀ ခုကို ငွေကြေးပေးစရာမလိုပဲ အခမဲ့ ကြည့်ရှုခွင့် ဖတ်ရှုခွင့်ရပါတယ်။ ဒီဝက်ဘ်ဆိုဒ်တွေထဲမှာ ဖေ့ဘွတ်ခ်လည်းပါပါတယ်။

နိုင်ဂျီးရီးယားကလူငယ်တွေက သူတို့ရဲ့နေ့စဉ်လူမှုဘဝတွေမှာ အင်တာနက်ကို အချိန်ပြည့်သုံးလာကြပါပြီ။ “ကမ္ဘာကြီးနဲ့ ပိုပြီးနီးကပ်စေတာပေါ့ဗျာ”လို့ ၁၈နှစ်သား ဒန်းနစ် ဒါဗိုကပြောပါတယ်။ သူက ၂၀၁၅ ခုနှစ်၊ သူ့အသက် ၁၅နှစ်အရွယ်မှာ ဖေ့ဘွတ်ခ်အကောင့်ဖွင့်ပြီး စသုံးတာဖြစ်ပါတယ်။ “အခုဆို Friend ၂၀၀၀ တောင်ဖြစ်နေပါပြီ။ “ကျတော်တို့ chat လုပ်တဲ့သူငယ်ချင်းတွေနဲ့ကမ္ဘာကြီးအကြောင်းသိရတယ်။ သူတို့နိုင်ငံတွေအကြောင်းသိရတယ်။ ကျတော်တို့နိုင်ငံအကြောင်းလည်းသူတို့သိသွားတယ်”လို့ ဒီ ၁၈ နှစ်သားလေးကပြောပါတယ်။

“ကျတော်နေ့တိုင်း ဖေ့ဘွတ်ခ်သုံးတယ်။ အခုဆို Friend 3000 လောက်တောင်ရှိနေပြီ”လို့ ဂျို့စ်မြို့ မီးရထားသံလမ်းနားမှာနေတဲ့ ၁၇နှစ်သမီး ပန်ဖန်နာကပြောပါတယ်။

ဒန်းနစ်နဲ့ ပန်ဟာ ဖေ့ဘွတ်ခ်အကောင့်အစစ်နဲ့သုံးနေကြတာဖြစ်ပြီး သူတို့ရဲ့ဇူကာဘတ်နိုင်ငံတော်အပေါ်မှတ်ချက်ကတော့ ကမ္ဘာကြီးနဲ့ချိတ်ဆက်မှုပါ။

ဒါပေမယ့် ကျတော်တို့ပြောခဲ့တဲ့ အခြားဖေ့ဘွတ်ခ်သုံးတဲ့လူတွေလိုပဲ ဒန်းနစ်နဲ့ ပန်ဟာလည်း အထိတ်တလန့်ဖြစ်စရာ၊ အနိဠာရုံပုံတွေ သူတို့ဖုန်းမှာပေါ်လာရင် facebook ကို ဘယ်လို report ပေးရတယ်ဆိုတာမသိပါဘူး။ သူတို့ကလည်း ဘီယွန်လူနည်းစုမျိုးနွယ်တွေ ဖြစ်ကြပြီး တခါတခါမှာတော့ သူတို့ မျိုးနွယ်စုတွေကို စော်ကားပုတ်ခတ်ထားတဲ့ ပို့စ်တွေကို သူတို့တွေ့ကြပါတယ်။

fn_jos_27_of_43-mr_yh4zndb

သူတို့ချည်းပဲတော့လည်းမဟုတ်ပါဘူး။ နိုင်ဂျီးရီးယား လူငယ်တော်တော်များများက သတင်းမှားတွေကို ခွဲလည်းမခွဲတတ်သလို ရီပို့လည်းမလုပ်တတ်ပါဘူး။

“လူများစုကတော့ သူတို့တင်တဲ့ပို့စ်ရဲ့ ရည်ရွယ်ချက်ကိုသိပ်သိကြတာမဟုတ်ဘူး။ သူတို့မှာ သတင်းအသိပညာလည်း မရှိကြဘူးလေ။ ဒီပို့စ်က လှုပ်ရှားမှုတွေလုပ်ဖို့ပြောတာ၊ ဒီပို့စ်က ရည်ရွယ်ချက်ရှိရှိဖြန့်တာ၊ ဒီလို အကြောင်းအရာတွေကို သူတို့နားလည်ကြတာမဟုတ်ဘူး”လို့ ဘာရီယို တက္ကသိုလ်က လူမှုဆက်ဆံရေးပညာရပ် ပါမောက္ခ မိုဟာမက်ဘာလာကသုံးသပ်ပါတယ်။

ဒီလို အခြေခံသတင်းအသိပညာအားနည်းမှုကပဲ ဒီဒေသမှာပျံ့နှံ့နေတဲ့ ဖေ့ဘွတ်ခ်ပေါ်က အန္တရာယ်ရှိတဲ့သတင်းမှားတွေကို မတွန်းလှန်နိုင်ခြင်းဖြစ်ပါတယ်။

ဖေ့ဘွတ်ခ်ကတော့ ဘီဘီစီကို ဒီသတင်းအသိပညာပေးလုပ်ငန်းစဉ်တွေကိုလုပ်ဆောင်နေပြီလို့ပြောပါတယ်။ အချက်အလက်စစ်ဆေးသူတွေအပြင် သင်ကြားဖို့ စက်ပစ္စည်းကိရိယာတွေပါအသုံးပြုပြီး “အွန်လိုင်းလုံခြုံရေးနဲ့ဒစ်ဂျစ်တယ်အသိပညာပေး လူငယ်အစီအစဉ်”ကို နိုင်ဂျီးရီးယားက အလယ်တန်းကျောင်း ၁၄၀ မှာစတင်လုပ်ဆောင်နေတယ်လို့ပြောပါတယ်။ ဒါပေမယ့်ပြဿနာက နိုင်ဂျီးရီးယားမှာ အလယ်တန်းကျောင်းပေါင်း ၅၄၀၀၀ ကျော်ရှိတာကြောင့် လွှမ်းခြုံမှုမရှိပါဘူး။ ဒါ့အပြင် အရေအတွက် သန်းချီတဲ့နိုင်ဂျီးရီးယားကလေးငယ်တွေဟာလည်း ကျောင်းမတက်နိုင်ကြပါဘူး။

“ဖေ့ဘွတ်ခ်ပိုင်ရှင်တွေ ဒီထက်ပိုပြီး လုပ်ဖို့ကောင်းပါတယ်။ လူမှုရေးနဲ့ပတ်သက်ပြီး အကျိုးဆက်ကိုတာဝန်ခံပေးရတယ်ဆိုတာဟာ စီးပွားရေးကျင့်ဝတ်တစ်ခုပါ။ သတင်းမှားတွေ၊ အမုန်းစကားတွေကို ဆက်ပြီးတော့ ထုတ်လုပ်ပေးနေသလို၊ ခွင့်ပြုပေးနေသလို ဖြစ်နေဦးမယ်ဆို ရင် သူတို့လည်း လူသတ်ကောင်တွေနဲ့အတူတူပါပဲ” ဂျို့စ်တက္ကသိုလ်က နိုင်ငံရေးသိပ္ပံ ပါမောက္ခ ဒေါက်တာ ဆမ်ဂိုဒန်းက သုံးသပ်ပါတယ်။

%d bloggers like this: