သူငယ်ချင်းတို့ရေ…
သတင်းတုတွေက တနေ့တခြားမရိုးရပါဘူး။ သတင်းတုဖန်တီးသူတွေကလည်း ကျတော်တို့စောင့်ကြည့်သူတွေထက်တောင် အစုအဖွဲ့ကောင်းကောင်းနဲ့ အချိန်ပြည့်အလုပ်လုပ်နေကြပါတယ်။ အခုတစ်ခါလည်း လစာရလို့ အစိုးရကို ပုံမှန်ဆဲနေတဲ့သူတွေရှိတယ်ဆိုပြီးတော့ သတင်းတု၊ သတင်းမှားတစ်ခုကိုဖန်တီးလာတာတွေ့ရပါတယ်။
တင်တဲ့သတင်းပေ့ခ်ကတော့ Excellent News Agency ဆိုတဲ့ ပေ့ချ်ပါပဲ။ ဒီpage ရဲ့အကြောင်းနဲ့ ဒီ page ကဘာတင်တင်မယုံဖို့ သူငယ်ချင်းတို့ကို တွေးပြီးမှယုံက ပြောခဲ့ပြီးပါပြီ။ ဒါပေမယ့် Like 200 ကျော် Share 100 ကျော်အထိ ဒီပို့စ်က ရရှိထားတာရယ်၊ ကူးပြီး ပြန်တင်တဲ့ လူတွေကလည်း ရှိတာရယ်ကြောင့် ပြန့်နှံ့မှုအားကောင်းနေတဲ့ သတင်းတုတစ်ခုမို့လို့ ဒီသတင်းကိုမယုံသင့်ကြောင်း တွေးပြီးမှယုံက ဖော်ထုတ်လိုက်ရပါတယ်။
(၁) သတင်းတုမှာ ပါဝင်တဲ့ ဓာတ်ပုံဟာ တရားဝင်သတင်းဌာနတစ်ခုဖြစ်တဲ့ MCN သတင်းဌာနက ဓာတ်ပုံကိုယူသုံးထာတာဖြစ်ပါတယ်။ ဆိုလိုတာကတော့ ဒီသတင်းတုတွေဖန်တီးနေတဲ့ Excellent News Agency ဆိုတဲ့ ပေ့ချ်က သွားရောက်သတင်းယူရိုက်ကူးထားတာမဟုတ်ပဲ ဦးဖြိုးမင်းသိန်းပုံကို လွယ်လွယ်ကူကူ Download လုပ်ပြီး သတင်းမှား
ဖန်တီးထားတာဖြစ်ပါတယ်။
(၂) သတင်းတုမှာပါဝင်တဲ့ Challenges for Bussiness Enterprises in 2018(Public Talk)ကို ၂၀၁၇ခုနှစ်က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
သူငယ်ချင်းတို့ရေ…
သတင်းတုတွေက အချိန်အားဖြင့်၊ နေရာအားဖြင့်၊ အကြောင်းအရာအားဖြင့်… စသည်ဖြင့် သူငယ်ချင်းတို့ ထင်ယောင်ထင်မှားဖြစ်အောင် နားလည်မှုလွဲအောင် ပြုလုပ်ကြဖို့ အမြဲအဆင်သင့်ရှိနေပါတယ်။ ဒီလို အလိမ်အညာတွေကိုသူငယ်ချင်းတို့ မယုံမိအောင် တွေးပြီးမှယုံက အမြဲတုံ့ပြန်ပေးနေပါတယ်။
သူငယ်ချင်းတို့ သံသယဖြစ်နေတဲ့သတင်းတွေရှိရင်လည်း တွေးပြီးမှယုံကို ပေးပို့စစ်ပေးပေးကြပါလို့
တောင်းဆိုချင်ပါတယ်။ သတင်းတုတွေဟာ လူ့အဖွဲ့အစည်းအတွက် အကျိုးမရှိတဲ့အမှိုက်တွေပါ။ ဒီအမှိုက်တွေကို ကျတော်တို့ အတူတကွ လွှင့်ပစ်ကြရပါမယ်။