သူငယ်ချင်းတို့ရေ…….
သတင်းမှားတွေက ပုံစံအမျိုးမျိုးနဲ့ကို လှည့်ပတ်နေသလိုပါပဲ။ ကိစ္စရပ်တွေတိုင်းမှာ အကြောင်းအရာ အမျိုးမျိုးနဲ့ ဖန်တီးယူပြီး သတင်းမှားဖြန့်နေတာပါ။ အခုလည်း ရခိုင်မှာ ရက္ခိုင်တပ်မတော် AA က ဇန်နဝါရီလ ၄ ရက်နေ့မှာ ရဲကင်းစခန်း ဝင်ရောက်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ပြည်သူအတွက် အသက်ပေးလှူခဲ့ကြတဲ့ ရဲတပ်ဖွဲ့ဝင်တို့ရဲ့ နောက်ဆုံးခရီး ဆိုပြီး ဗွီဒီယိုဖိုင်ဟာ နာရီပိုင်းအတွင်းမှာပဲ အလွန်ပြန့်နှံ့နေပါတယ်။
ဒီဗွီဒီယိုဖိုင်ဟာ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၁၁ ရက်နေ့က သေဆုံးသွားသော ရဲတပ်ဝင်တို့ရဲ့ ဈာပနအခမ်းအနားက ဗွီဒီယိုဖိုင်တစ်ခုဖြစ်ပါတယ်။
ဗွီဒီယိုဖိုင်နဲ့ပတ်သက်ပြီး youtube link နဲ့ AFP သတင်းဌာနက ဓာတ်ပုံလင့်တွေ ဖော်ပြပေးလိုက်ပါတယ်။
ဗွီဒီယိုဖိုင်နဲ့ ပတ်သက်ပြီး အောက်ပါ ပုံတွေနဲ့ ယှဉ်တွဲပြီး သက်သေပြထားပါတယ်။