Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>ဦးဝီရသူနှင့် ဦးလှဆွေက ဝန်ကြီးချုပ် ဦးညီပုကို မိုင်းဆွဲလုပ်ကြံတယ်ဆိုတဲ့ သတင်းတု
နိုင်ငံရေး

ဦးဝီရသူနှင့် ဦးလှဆွေက ဝန်ကြီးချုပ် ဦးညီပုကို မိုင်းဆွဲလုပ်ကြံတယ်ဆိုတဲ့ သတင်းတု

သူငယ်ချင်းတို့ရေ………
သတင်းမှား ပြုလုပ်သူတွေဟာ စွပ်စွဲရေးသားမှုတွေ၊ တဖက်သက် ဝေဖန်သုံးသပ်မှုတွေနဲ့ ထင်ယောင်ထင်မှား ဖြစ်အောင်ပြုလုပ်လေ့ရှိပါတယ်။ ဒီလို သတင်းတုတွေကို လွယ်လွယ်ကူကူ မယုံကြည်ဖို့ တွေးပြီးမှယုံက ထပ်ပြီး အသိပေးလိုက်ပါတယ်။

ဒီတစ်ခါမှာလည်း ၂၀၁၉ ဇန်နဝါရီ ၁ ရက်နေ့ ညနေ ၅ နာရီခန့်မှာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနှင့် အစိုးရအဖွဲ့ အရာရှိများ လိုက်ပါလာသော ကားတန်းကို မိုင်း ၃ လုံးခွဲ တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး ဦးဝီရသူနှင့် ဦးလှဆွေတို့မှ စီစဉ်လုပ်ကြံခိုင်းတယ်ဆိုပြီး သတင်းတုတစ်ခု ပျံ့နှံ့နေပါတယ်။
ဒီသတင်းတုဟာ Like 1000 ကျော်ရှိပြီး Share 300 ကျော်ရှိပါတယ်။ ဒါကြောင့် ဒီသတင်းတုကို တွေးပြီးမှယုံက ဖော်ထုတ်ပေးလိုက်ပါတယ်။

Untitled design (2)(၁) ဝန်ကြီးချုပ် ဦးညီပု မိုင်းခွဲတိုက်ခိုက်ခံရနဲ့ ပတ်သက်ပြီး ပြုလုပ်သည့် တရားခံကို မသိရှိသေးသလို
(၂) မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်က ပြုလုပ်ထားတယ်ဆိုတာလည်း တရားဝင် ထုတ်ပြန်ကြေညာထားခြင်း မရှိပါဘူး။
သူငယ်ချင်းတို့လည်း သတင်းတွေကို ဖတ်တဲ့အခါ ယုံကြည်ရတဲ့ တရားဝင် သတင်းမီဒီယာတွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီးမှ ယုံကြည်လက်ခံဖို့ တွေးပြီးမှယုံက တိုက်တွန်းလိုက်ပါတယ်။

%d bloggers like this: