Home>>သတင်းအတုစစ်ဆေးခြင်း>>ဘာသာရေး>>သင်္ကန်းဝတ် ဘုန်းကြီးအချင်းချင်း ကွမ်းယာလုဝယ်ရာက ဓါးထိုးမှုဖြစ်ခဲ့ တယ်ဆိုတဲ့ သတင်းတု
ဘာသာရေး

သင်္ကန်းဝတ် ဘုန်းကြီးအချင်းချင်း ကွမ်းယာလုဝယ်ရာက ဓါးထိုးမှုဖြစ်ခဲ့ တယ်ဆိုတဲ့ သတင်းတု

သူငယ်ချင်းတို့ရေ…….
သတင်းတု၊ သတင်းမှားတွေဟာ ဘယ်ချိန်မှာပဲ ဖြစ်ဖြစ်ထွက်ပေါ်တတ်ပါတယ်။ ဒီလို သတင်းတု၊ သတင်းမှားတွေ ဟာပဲ အွန်လိုင်းပေါ်မှာ အလွယ်တကူပြန်နှံ့နေပြီး ကန့်သတ် တားမြစ်ဖို့ဆိုတာ မလွယ်ကူပါဘူး။
အခုလည်း ဒီဇင်ဘာ ၁၉ ၂၀၁၈ ရက်နေ့က သင်္ကန်းဝတ် ဘုန်းကြီးအချင်းချင်း ကွမ်းယာလုဝယ်ရာက ဓါးထိုးမှုဖြစ်ခဲ့ တယ်ဆိုတဲ့ သတင်းတုဟာ အွန်လိုင်းမီဒီယာပေါ်မှာ တော်တော်လေးပြန်နှံ့ခဲ့ပါတယ်။ ဒီသတင်းတုနဲ့ ပတ်သက်ပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန-သာသနာရေးကနေ ယနေ့ ဇန်နဝါရီ ၁၁ ၂၀၁၉ နေ့လည် ၁ နာရီမှာ ဒီသတင်းအတုနဲ့ပတ်သက်ပြီး ပြန်လည်ရှင်းလင်းဖော်ပြခဲ့ပါတယ်။ ရှင်းလင်းဖော်ပြ ချက်ကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Untitled design (1)

သူငယ်ချင်းတို့ရေ… သတင်းတု၊ သတင်းမှားတွေဟာ ဘာသာရေး၊ လူမျိုးရေး သာမက အခြေအနေ အချိန်လိုက် ပြုလုပ်ဖန်တီးတတ်ပါတယ်။ သူငယ်ချင်းတို့လည်း သတင်းမှားတွေတွေ့မိရင်၊ သတင်းမှားလို့ သံသယရှိရင် တွေးပြီးမှယုံကို ပေးပို့စစ်ဆေးလို့ရပါတယ်။

%d bloggers like this: