Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံတကာ>>AA ကို တူရကီနဲ့ ဘင်္ဂလားဒေ့ရှ်က ထောက်ပံ့တယ်ဆိုတဲ့ သတင်းတု
နိုင်ငံတကာနိုင်ငံရေး

AA ကို တူရကီနဲ့ ဘင်္ဂလားဒေ့ရှ်က ထောက်ပံ့တယ်ဆိုတဲ့ သတင်းတု

သူငယ်ချင်းတို့ရေ….

သတင်းတု၊ သတင်းမှားတွေဟာ အမြဲတမ်း အထင်အမြင်လွဲမှားအောင် ပုံဖော်ရေးသားလေ့ရှိပါတယ်။ သတင်းတုဖန်တီးသူတွေဟာ သတင်းတွေကို အချက်အလက် မပြည့်စုံပဲဖော်ပြတာ၊ ဓာတ်ပုံတွေကို လိုသလိုအသုံးပြုပြီး ရေးသားဖြန့်ဝေတာတွေကိုပြုလုပ်လေ့ရှိပါတယ်။

ဒီတခါမှာလည်း AA တပ်စခန်းကို တပ်မတော်က ဝင်ရောက်သိမ်းပိုက်ရာမှာ တူရကီနိုင်ငံက ထောက်ပံ့ထားတဲ့ ဆန်အိတ်တွေ၊ လက်နက်တွေနဲ့ ဘင်္ဂလားဒေ့ရှ်ထုတ် ဗုံးသီးတွေကို သိမ်းဆည်းရမိတယ်ဆိုပြီး သတင်းတုတစ်ခုဟာ တော်တော်လေးပြန့်နှံ့နေတာ တွေ့ရပါတယ်။
ဒီသတင်းအတုဟာ ဇန်နဝါရီလ ၁၄ ရက်နေ့ကစပြီး တချို့ page၊ website တွေမှာ သတင်းအရေးသား ပုံစံအနေနဲ့ ရေးသားပြီး ဖြန့်ဝေသလို group တွေထဲမှာလည်း ပြန်လည်ကိုးကားချက်တွေအနေတဲ့ ပြန်လည်ဖြန့် ဝေနေကြတာ ဖြစ်ပါတယ်။ ဒီသတင်းတုဟာ

Untitled design

(၁) သတင်းပါ ဓာတ်ပုံသည် ၂၀၁၅ ဧပြီ ၂၉ ရက်နေ့မှာ Burma Campaign Japan ဆိုတဲ့ blog ကနေ တပ်မတော်က ထုတ်ပြန်ချက်ကို ပူးတွဲဖော်ပြခဲ့သလို
(၂) ဖော်ပြပါ ဓာတ်ပုံတွေသည် လိုသလို အသုံးပြုပြီး သတင်းတုအနေနဲ့ ဖော်ပြထားခြင်းသာဖြစ်ပါတယ်။

ဒါကြောင့် သူငယ်ချင်းတို့ရေ……
သတင်းတုတွေမှာ ပါဝင်တဲ့ ဓာတ်ပုံတွေကို Google Image မှာ တိုက်ဆိုင်စစ်ဆေးလို့ရသလို၊ Reverse Image Search ဆိုတဲ့ ဖုန်း app မှာလည်း တိုက်ဆိုင်စစ်ဆေးလို့ရတယ်ဆိုတဲ့အကြောင်း ပြောပြခဲ့ဘူးပါတယ်နော်။ သတင်းမှာ ပါဝင်တဲ့ အကြောင်းအရာကို သံသယရှိတယ်ဆိုရင် ဓာတ်ပုံတွေကို စစ်ဆေးကြည့်ရင်လည်း သတင်းတုလား၊ အစစ်လားဆိုတာ ခန့်မှန်းလို့ရနိုင်ပါတယ်။ သူငယ်ချင်းတို့ကိုယ်တိုင် မစစ်ဆေးနိုင်ရင်လည်း တွေးပြီးမှယုံကို ပေးပို့စစ်ဆေးလို့ရပါတယ်။ သတင်းတု/မှန်ကို မသိသေးပဲ အလွယ်တကူ မယုံကြည်ကြဖို့၊ Share မလုပ်ကြဖို့ သတိပေးလိုက်ပါရစေနော်။

%d bloggers like this: