Home>>သတင်းအတုစစ်ဆေးခြင်း>>တိုင်းရင်းသား>>အရပ်ဝတ်နဲ့ ထွက်ပြေးတိမ်းရှောင်လာတဲ့ AA အဖွဲ့ဝင်တွေကို ဖမ်းမိတယ်ဆိုတဲ့ သတင်းမှား
တိုင်းရင်းသားနိုင်ငံရေးလူမျိုးရေး

အရပ်ဝတ်နဲ့ ထွက်ပြေးတိမ်းရှောင်လာတဲ့ AA အဖွဲ့ဝင်တွေကို ဖမ်းမိတယ်ဆိုတဲ့ သတင်းမှား

သူငယ်ချင်းတို့ရေ….
သတင်းမှားတွေဟာ အကြောင်းအရာပေါ် မူတည်ပြီး လိုသလိုပြင်ဆင်ရေးသားလေ့ရှိတာကို သူငယ်ချင်းတို့လည်း သတိထားမိကြမယ်လို့ထင်ပါတယ်။ ဒီလိုသတင်းအကြောင်းအရာ အမှားတွေဟာ ထင်ယောင်ထင်မှားဖြစ်စေနိုင်ပါတယ်။
အခုတစ်ခါလည်း “အရပ်ဝတ်ဖြင့်ထွက်ပြေးတိမ်းရှောင်လာသည့် AA အဖွဲ့နှင့် ARSA အကြမ်းဖက် ဘင်္ဂလီများ အား အမ်းမြို့နယ်အဝင် ဖမ်းခံရ” ဆိုတဲ့ သတင်းမှားတစ်ပုဒ်ဟာ အွန်လိုင်းပေါ်မှာ တော်တော်ပြန်နှံ့နေတာ တွေ့ရပါတယ်။ ဒီသတင်းဟာ ဇန်နဝါရီလ ၂၄ ရက်နေ့ နိရဉ္စရာ သတင်းမီဒီယာ ဖေ့ဘွတ်စာမျက်နှာက တင်ထားတဲ့ သတင်းကို အကြောင်းအရာအလွဲအမှားနဲ့ ပြန်လည်ကူးယူဖော်ပြကြတာဖြစ်ပါတယ်။

Untitled design (2)

(၁) သတင်းပါခေါင်းစဉ်ကို လိုသလိုပြင်ဆင်ရေးသားထားခြင်း
(၂) အကြောင်းအရာ အချက်အလက်များကို လိုသလိုပြန်လည်ပြင်ဆင်ရေးသားထားခြင်း

Untitled design (4)

သူငယ်ချင်းတို့ရေ… အချက်အလက် တော်တော်များများကို ပြန်လည်ပြင်ဆင်ရေးသားထားတဲ့ သတင်းမှားတွေဟာ ထင်ယောင်ထင်မှားဖြစ်အောင် နားလည်မှုလွဲအောင် အမြဲအဆင်သင့်ရှိနေပါတယ်။ ဒီလို အလိမ်အညာတွေကို မယုံမိအောင် တွေးပြီးမှယုံက အမြဲတုံ့ပြန် ပေးနေပါတယ်။
သူငယ်ချင်းတို့လည်း သံသယဖြစ်နေတဲ့သတင်းတွေ တွေ့ရင်လည်း တွေးပြီးမှယုံကို ပေးပို့စစ်ဆေးလို့ရပါတယ်နော်။

%d bloggers like this: